Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် ပထမအကြိမ် JMC နှီးနှောဖလှယ်ပွဲသို့ တက်ရောက်

Thu, 12/12/2019 - 23:13

ထားဝယ် ဒီဇင်ဘာ ၁၂

          ယနေ့ ၀၉၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ဟိုတယ်၌ ပထမအကြိမ် JMC နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ နှီးနှောဖလှယ်ပွဲသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်မှ အရာရှိကြီးများ၊ KNU မှ အကြီးအကဲများ၊  တက္ကသိုလ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ၊ JMC အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ပထမအကြိမ် JMC နှီးနှောဖလှယ်ပွဲ၏ သဘာပတိမှ မိတ်ဆက်စကား ပြောကြားခဲ့ပြီး စာတမ်းရှင်များ က အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအသွင်ကူးပြောင်းမှုကာလတွင် ကြုံတွေ့ရမည့် Risk များကို စီမံခန့်ခွဲခြင်း(Managing Transitional Risk in Ceasefire)၊ အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးတွင် ယုံကြည်စိတ်ချရမှု တည်ဆောက်ခြင်း(Building Confidence and Trust in Ceasefire)၊ အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာလာစေရန် အကျုံးဝင်သော အချက်ကြီး များ(Element of Ceasefire Consolidation) စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကာ သဘာပတိများက အထက်ပါခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြမှု အပေါ် လွှမ်းခြုံသုံးသပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။