Follow Us

ထားဝယ်မြို့တွင် စားသုံး/သုံးစွဲရန်မသင့်/တားမြစ်၊ သက်တမ်းလွန် အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့်ဆေးပစ္စည်းများအားမီးရှို့ ဖျက်ဆီး

Thu, 12/12/2019 - 22:47

ထားဝယ်    ဒီဇင်ဘာ ၁၂

          စားသုံး/သုံးစွဲရန်မသင့်/တားမြစ်၊ သက်တမ်းလွန် အစားအသောက်၊ ဆေးဝါး၊အလှကုန်နှင့် ဆေးပစ္စည်းများကို ယနေ့နံနက် ၈ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တဂူသိမ် အမှိုက်ပုံတွင် တွင်းတူး၍မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

          ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်း၊ တိုင်းဒေသကြီးအစားအ​သောက်နှင့်​ဆေးဝါးကွပ်ကဲ​ရေးဦးစီးမှူး ဒေါ်​မေသန်းနိုင်၊ တိုင်း​ဒေသကြီး စားသုံးသူ​ရေးရာ ဦးစီးမှူး ဦးဝင်းထွန်း နှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ က စားသုံး/ သုံးစွဲရန်မသင့်/ တားမြစ်၊ သက်တမ်းလွန် အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့်ဆေးပစ္စည်းများကို တွင်းထဲသို့ပစ်ချ၍ မီးရှို့ဖျက်ဆီး ခဲ့ကြသည်။

          တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များ က တိုင်းဒေသကြီး ဈေးကွက်အတွင်း ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့စဉ်က သိမ်းဆည်းခဲ့သော စားသုံး/သုံးစွဲရန်မသင့် တားမြစ်၊ သက်တမ်းလွန် အစားအသောက်များ၊ သက်တမ်းလွန် ဆေးဝါးများ၊ အလှကုန်ပစ္စည်းများနှင့် AA Medical Products ကုမ္ပဏီမှ လာရောက်အပ်နှံသော သက်တမ်းလွန်ဆေးဝါးများ ( ခန့်မှန်းတန်ဖိုး စုစုပေါင်း ၆၅၆၂၃၃၅.၁၆ကျပ်) ဖြစ်ကြောင်း သတင်းရရှိပါသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)မှသတင်းပေးပို့သည်