Follow Us

မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း

Tue, 10/11/2016 - 10:00

Vertical Tabs

About Topic

မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၏ လုပ်ငန်းတာဝန်များ

မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
(က) ပုလဲထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ရေးဆိုင်ရာမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
( ခ) ပုလဲထုတ်လုပ်ခြင်းလုပ်ငန်းများကို ဤဥပဒေနှင့်အညီ ကြီးကြပ်ကွပ်ကဲခြင်း၊
( ဂ) ပုလဲထုတ်လုပ်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်းသည့် လုပ်သားများ လုပ်ငန်းခွင်ကျွမ်းကျင်မှုရရှိရေး အတွက် ပြည်တွင်း၌ လေ့ကျင့် သင်ကြားခြင်းနှင့် ပြည်ပ၌ အဆင့်မြင့်နည်းပညာများ လေ့လာဆည်းပူးစေခြင်း၊
(ဃ) ပုလဲအရေအတွက် တိုးတက်ထုတ်လုပ်ရေးနှင့် အရည်အသွေးမြင့်မားရေးတို့ကို နည်းလမ်း ကြံဆပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
( င) မုတ်ကောင်ငုပ်ကွက်ရေပြင်များ ထိခိုက်ပျက်စီးခြင်းမရှိစေရန် နည်းလမ်းကြံဆဆောင်ရွက်ခြင်း၊
( စ) မုတ်ကောင်ငုပ်ကွက်သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်းနှင့် ပယ်ဖျက်ခြင်းပြုလုပ်ရန် လိုအပ် သလိုစီစစ်ပြီး ဝန်ကြီးဌာနသို့ တင်ပြခြင်း၊
(ဆ) မုတ်ကောင်များ မျိုးပြုန်းတီးခြင်းမရှိစေရန်နှင့် အလုံအလောက်ရရှိစေရန် နည်းလမ်းကြံဆ ဆောင်ရွက်ခြင်း၊
( ဇ) ပုလဲထုတ်လုပ်ခြင်းနှင့်စပ်လျဉ်းသည့် သိပ္ပံနည်းကျသုတေသနလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊
(စျ) ပုလဲထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း။

Office Address and Location Map
Location Map: