Follow Us

တနင်္သာရီတိုင်းဒေသကြီး မြို့ရေပေးရေးစီမံကိန်းများ၊ အဝေးပြေးယာဉ်ရပ်နားစခန်းဆောက်လုပ်ရေး စီမံကိန်းနှင့် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတို့အတွက် ကွင်းဆင်းစိစစ်ရေးနှင့် စာချုပ်(မူကြမ်း)များ စိစစ်ရေး ကော်မတီ၏ (၁/၂၀၁၉)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်

Fri, 11/29/2019 - 20:38

ထားဝယ် နိုဝင်ဘာ ၂၉

          ယနေ့ ၀၉၃၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး မြို့ရေပေးရေးစီမံကိန်းများ၊ အဝေးပြေးယာဉ်ရပ်နားစခန်းဆောက်လုပ်ရေး စီမံကိန်းနှင့် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတို့အတွက် ကွင်းဆင်းစိစစ်ရေးနှင့် စာချုပ်(မူကြမ်း)များ စိစစ်ရေး ကော်မတီ၏ (၁/၂၀၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်း ဒေသကြီး မြို့ရေပေးရေးစီမံကိန်းများ၊ အဝေးပြေးယာဉ်ရပ်နားစခန်းဆောက်လုပ်ရေး စီမံကိန်းနှင့် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတို့အတွက် ကွင်းဆင်းစိစစ်ရေးနှင့် စာချုပ် (မူကြမ်း)များ စိစစ်ရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်၊ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်နှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာအကြီးအကဲများ၊  စိစစ်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကားပြောကြားရာ မြို့ရေပေးရေးစီမံကိန်းများ၊ အဝေးပြေးယာဉ်ရပ်နားစခန်းဆောက်လုပ်ရေး စီမံကိန်းများ တင်ပြထားလျက်ရှိပြီး ဆောင်ရွက်မှုများမှာ လုပ်ထုံးလုပ်နည်း ပြောင်းလဲမှုများကြောင့် သော်လည်းကောင်း၊ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ခြင်းမရှိသောကြောင့်လည်းကောင်း အချိန် ကြန့်ကြာလျက်ရှိနေပါကြောင်း၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာ လုပ်ငန်းရှင်များအား လုပ်ငန်းနှင့်ပတ်သက်၍ အသိပေးထားရန်နှင့် ဌာနတစ်ခုနှင့်တစ်ခုချိတ်ဆက် ဆောင်ရွက်ရသော လုပ်ငန်းဖြစ်သောကြောင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီး မြို့ရေပေးရေးစီမံကိန်းများ၊ အဝေးပြေးယာဉ်ရပ်နား စခန်းဆောက်လုပ်ရေး စီမံကိန်းနှင့် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတို့အတွက် ကွင်းဆင်းစိစစ်ရေးနှင့် စာချုပ် (မူကြမ်း)များ စိစစ်ရေးကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာ ရေး ဝန်ကြီး ဦးဟိုပင် က စီမံကိန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်က ရှင်းလင်တင်ပြ၍ စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးမြတ်ယုက ရှင်းလင်းတင်ပြပြီး စိစစ်ရေးကော်မတီအဖွဲ့ဝင်များမှ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီးနောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ၁၁၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။