Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ တောပြား ကျေးရွာအုပ်စု၊ ပန်းဇင်ကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

Thu, 11/28/2019 - 22:50

ကျွန်းစု နိုဝင်ဘာ ၂၈

          ယနေ့ နံနက် ၁၀၁၅ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ တောပြားကျေးရွာအုပ်စု၊ ပန်းဇင်ကျေးရွာ၊ သီရိမင်္ဂလာဘုန်းကြီးကျောင်း၌   ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

       တွေ့ဆုံပွဲအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကားပြောကြားရာ ​ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် လာ​ရောက် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ဒေသလိုအပ်ချက်များတင်ပြရာတွင်လည်း အဓိကကျသော လိုအပ်​ချက် များကို မိသားစုပမာ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တင်ပြစေလိုကြောင်း၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖ များမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

        ထိုနောက် ဒေသခံပြည်သူများ မှ မိမိတို့ကျေးရွာ၌ လိုအပ်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါရန် တင်ပြတောင်းခံခဲ့ကြပြီး ကျေးရွာ ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ မီးရရှိရေး၊ အိမ်​ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်များ ပြုလုပ်ဆောင်ရွက်ပေးနိုင်ရေးနှင့် မူးယစ်ဆေးဝါးကိစ္စရပ်များအား တင်ပြ ခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး တွေ့ဆုံပွဲကို ၁၂၂၀ နာရီ အချိန် တွင် ရုပ်သိမ်းခဲ့ပါသည်။

         ဆက်လက်၍ ၁၃၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့်အဖွဲ့သည် တောပြားကျေးရွာအုပ်စု၊ ပန်းဇင်ကျေးရွာ၌ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းထားသော (၆၀×၃၀) ပေ ၆ခန်းတွဲ RC  ၁ ထပ် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။