Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

Thu, 11/28/2019 - 03:15

ကျွန်းစု နိုဝင်ဘာ ၂၇

          ၂၀၁၉ နိုဝင်ဘာ ၂၇ ရက်နေ့တွင်  တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊မဲတောကျေးရွာအုပ်စု၊ စစ်ဘုကျေးရွာ၊ သာသနာ့ဗိမာန်ကျောင်း၌ လည်းကောင်း၊​ မဲတောကျေးရွာအုပ်စု၊ မဲတောကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း၊ ကံမော်ကျွေးရွာအုပ်စု၊ ကံမော်ကျေးရွာ ကဥ္စနရာမကျောင်း၌ လည်းကောင်း ဒေသခံပြည်သူများနှင့် သွားရောက်တွေဆုံခဲ့ပါသည်။

          တွေ့ဆုံပွဲအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကားပြောကြားရာ အခုလိုတွေ့ဆုံရခြင်းသည် ကျေးလက်နေပြည်သူများ၏ လူနေမှု အခြေအနေများအား သေသေချာချာ သိရှိနိုင်ရန်လာရောက်ခြင်းဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေ/မီး ရရှိရေးနှင့် မြေယာကိစ္စ အစရှိသော ကျေးရွာ၏ အဓိကလိုအပ်ချက်များကို မိသားစုပမာ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တင်ပြစေ လိုကြောင်း ပြောကြားခဲ့ပါသည်။

         ထို့နောက် ဒေသခံပြည်သူများမှ ကျေးရွာ၏ လိုအပ်ချက်များဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီးရရှိရေး၊ မြေယာကိစ္စနှင့် မူးယစ်ဆေးဝါး ကိစ္စရပ် များအားတင်ပြခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ပြန်လည် ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ပါသည်။

          ဆက်လက်၍ ၁၅၄၅ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့်အဖွဲ့သည် ကံမော်ကျေးရွာတိုက်နယ်ဆေးရုံသို့ ကြည့်ရှုစစ်ဆေးခြင်း၊ ကံမော်ကျေးရွာ နယ်မြေမီးသတ်စခန်းနှင့် ၂ခန်းတွဲ ၃ထပ် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ကံမော်မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေး တင်ပြမှုအပေါ် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။