Follow Us

DDPC Shopping Center ဖွင့်ပွဲအခမ်းအနားတက်ရောက်

Sun, 10/09/2016 - 11:02

ထားဝယ် အောက်တိုဘာ ၉

          ယနေ့ နံနက် (၀၉၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ DDPC Shopping Center ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် DDPC Shopping Center ဆိုင်းဘုတ်ကြီးအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ထားဝယ်အများပိုင်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်(DDPC) ဥက္ကဋ္ဌ ဦးခင်စိုး၊ ဒု-ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့မှ DDPC Shopping Center အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် DDPC Shopping Center အတွင်းရှိ သိုက်စိန်ရွှေ ရတနာဆိုင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စျေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိ ပါသည်။