Follow Us

တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများမှ ပထမအကြိမ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အလှူအကြောင်းပြု မြတ်ကောင်းမှု ကထိန်အောင်ပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

Sun, 11/24/2019 - 21:05

ထားဝယ် နိုဝင်ဘာ ၂၄

          ယနေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် ထားဝယ်မြို့၊ ယိုးဒယားဘုန်းတော်ကြီးကျောင်း၌ တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများမှ မေတ္တာမြို့၊ ထီးခီးဒေသ သာသနာ့ပါလကျောင်းဆရာတော် ဘဒ္ဒန္တဝေပုလ္လအား အမှူးထား၍  ပထမအကြိမ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အလှူအကြောင်းပြု မြတ်ကောင်းမှု ကထိန်အောင်ပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျ၊ တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တနင်္သာရီတိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို  ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ထားဝယ်မြို့၊ မြို့မကျောက်ရပ်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်နာယူကာ မေတ္တာမြို့၊ ထီးခီးဒေသ သာသနာ့ပါလကျောင်းဆရာတော် ဘဒ္ဒန္တဝေပုလ္လနှင့် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

          ဆက်လက်၍ ထားဝယ်မြို့၊ မြို့မကျောက်ရပ်ကျောင်းတိုက် ဆရာတော်ထံမှ ကထိန် အနုမောဒနာတရား နာယူကြည်ညိုကာလှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ပြီး ပထမအကြိမ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အလှူအကြောင်းပြု မြတ်ကောင်းမှု ကထိန်အောင်ပွဲ အလှူတော်မင်္ဂလာအောင်မြင်ကြောင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးပြီး သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့်  ဧည့်ပရိတ်သတ် များအား  ကျွေးမွေးဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။