Follow Us

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်(Tanintharyi Region Investment Forum-2019) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Thu, 11/21/2019 - 00:02

ထားဝယ် နိုဝင်ဘာ ၂၀

          ယနေ့ ၁၅၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်(Tanintharyi Region Investment Forum-2019) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ သက်ဆိုင်ရာတိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့် အမှာစကားပြောကြားရာ ယခုအစည်းအဝေးသည် တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုဖိုရမ် (Tanintharyi Region Investment Forum-2019) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စများနှင့် လိုအပ်မှုအခြေအနေကိုတင်ပြခြင်း၊ အဆုံးအဖြတ်ပေးခြင်းများကို ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ယခင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးများတွင် ကော်မတီအသီးသီး၏ ကြိုတင်ဆောင်ရွက်ရမည့်ကိစ္စများမှာ  ပြီးစီးသည့်အခြေအနေတွင် ရောက်ရှိနေသည်ကိုသိရှိရပါ ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကျင်းပရေးတွင် တချို့သောကော်မတီများ၏ အစီအစဉ်များပြောင်းလဲ မှုများရှိပါကြောင်း၊ ပြခန်းများပြသမှုအခြေအနေအား အစီအစဉ်အလိုက်ဖြစ်စေရေးအတွက် ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို မှ ပြခန်းများပြင်ဆင်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်မှ လိုအပ်သည်များ ရှင်းလင်းတင်ပြပြီးနောက် လုပ်ငန်းကော်မတီ အသီးသီးမှ လုပ်ငန်းဆောင်ရွက်သည့်အခြေအနေများအား ရှင်းလင်းတင်ပြ၍ တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ၁၆၁၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။