Follow Us

ထားဝယ်မြို့ ယာဉ်လမ်းကြောင်းရှင်းလင်းရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Fri, 10/07/2016 - 17:44

ထားဝယ် အောက်တိုဘာလ  ၇

        (၇.၁၀.၂၀၁၆)ရက်နေ့၊ (၁၄၀၀)နာရီအချိန်တွင် ထားဝယ်မြို့တွင်းယာဉ်လမ်းကြောင်း ရှင်းလင်းရေးညှိနှိုင်းအစည်းအဝေးကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၊ ထော်လာဂျီယာဉ်အသင်း၊ သုံးဘီးယာဉ်အသင်း၊ ကုန်တင်ယာဉ်အသင်း၊ အဝေးပြေးဂိတ်ခေါက်တိုမြို့တွင်းယာဉ်အသင်း တို့မှဥက္ကဋ္ဌများ၊ စျေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် လူစည်ကားရာနေရာများဖြစ်သည့် မြို့မစည်ပင်စျေးပတ်ဝန်းကျင် ယာဉ်ပိတ်ဆို့မှုကင်းရှင်းရေးအတွက် တစ်လမ်းမောင်းစနစ်ကျင့်သုံးနိုင်ရေး ဆွေးနွေးခဲ့ရာ ရုံးကြီးမီးပွိုင့်လမ်းဆုံမှ အာဇာနည်လမ်း တစ်လျှောက် လမ်းဆုံကြီးမီးပွိုင့်အထိ၊ ဗိုလ်ချုပ်လမ်းနှင့် စျေးတောင်ဘက်လမ်းထောင့်မှ အလယ်အလမ်းအထိ စျေးတောင်ဘက်လမ်းတစ်လျှောက်အား နေ့စဉ်လူစည်ကားရာ အချိန်ဖြစ်သည့် နံနက်(၈)နာရီမှ (၁၂)နာရီအထိ တစ်လမ်းမောင်းစနစ်ကျင့်သုံးနိုင်ရေးနှင့် ထားဝယ်မြို့ပေါ်ရှိ ယာဉ်ပိတ်ဆို့လေ့ရှိသည့်နေရာများတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် စီမံချက်ရေးဆွဲ၍ အသိပညာပေးကာလသတ်မှတ်ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။