Follow Us

ထားဝယ်တက္ကသိုလ်သောက်သုံးရေရရှိရေး(Gravity Flow Water Supply System) စိမ့်စမ်းရေသွယ် နည်းစနစ်ဖြင့် သောက်သုံးရေပေးဝေခြင်းလုပ်ငန်း၊ ရေဖွင့်ပွဲနှင့်လွှဲပြောင်းအပ်နှံပွဲအခမ်းအနား ကျင်းပ

Wed, 11/20/2019 - 20:23

ထားဝယ် နိုဝင်ဘာ ၂၀

          ယနေ့ ၀၉၀၀ နာရီ အချိန်တွင် ထားဝယ်တက္ကသိုလ်ရေပေးဝေ Zone-3   ၌ ထားဝယ်တက္ကသိုလ် သောက်သုံးရေရရှိရေး(Gravity Flow Water Supply System) စိမ့်စမ်းရေသွယ်နည်းစနစ်ဖြင့် သောက်သုံးရေပေးဝေခြင်းလုပ်ငန်း၊ ရေဖွင့်ပွဲနှင့်လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးတင်အောင်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲ များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က စိမ့်စမ်း ရေသွယ်နည်းစနစ်ဖြင့် သောက်သုံးရေပေးဝေခြင်းလုပ်ငန်း၊ ရေဖွင့်ပွဲနှင့် လွှဲပြောင်းအပ်နှံပွဲအား ရေပို့လွှတ်မည့် ရေဘားကိုမြှင့်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ထားဝယ်တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဆရာမကြီးဒေါက်တာသိင်္ဂီရွှေ မှ ကျေးဇူးတင်စကားပြောကြားပြီး ထားဝယ်ခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်) မှ ခရိုင်တာဝန်ခံ ဦးမြတ်ဝင်းထွန်းမှ စိမ့်စမ်းရေ သွယ်လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

          ဆက်လက်၍  ထားဝယ်ခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်) ခရိုင်တာဝန်ခံ ဦးမြတ်ဝင်းထွန်းမှ ထားဝယ်တက္ကသိုလ် သောက်သုံးရေရရှိရေး(Gravity Flow Water Supply System) စိမ့်စမ်းရေသွယ်နည်းစနစ်ဖြင့် သောက်သုံးရေပေးဝေခြင်းလုပ်ငန်းစီမံကိန်းဆိုင်ရာ အချက်အလက်အား ပေးအပ်ရာ ထားဝယ်တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဆရာမကြီးဒေါက်တာသိင်္ဂီရွှေ မှ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ပြီး အခမ်းအနားကို ၀၉၁၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။