Follow Us

တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၉/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏(၉/၂၀၁၉) လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

Tue, 11/19/2019 - 23:11

ထားဝယ် နိုဝင်ဘာ ၁၉

          ယနေ့ ၀၉၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၉/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏(၉/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် ကော်မတီဝင်များဖြစ်သော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ သက်ဆိုင်ရာတိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကားပြောကြားရာ  တစ်နိုင်တစ်ပိုင် လျှောက်ထားလာသောလျှောက်လွှာ (၁၁၈၅)စောင်ရှိပြီး နည်းဥပဒေအပိုဒ်(၈) (၉) (၁၀) (၁၁) (၁၂)နှင့်အညီ ခရိုင်၊ မြို့နယ်များသို့ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် အကြောင်းကြားထားသော အမှုတွဲပေါင်း(၁၁၈၅)တွဲရှိပါကြောင်း၊ တစ်နိုင်တစ်ပိုင်လျှောက်ထားမှုနှင့်ပတ်သက်၍ ပြန်လည်တင်ပြလာသည့်အမှုတွဲ(၉)ခုသာရှိပြီး အမှုတွဲ များ နည်းပါးသည်ကိုတွေ့ရရှိရပါကြောင်း၊ အခြားနည်းအသုံးပြုခွင့် လျှောက်ထားမှုများ နှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများအား တင်ပြပေးစေလိုကြောင်း၊ ကြန့်ကြာ နေသောမြေယာ ကိစ္စများကိုလည်း အမြန်ပြီးပြတ်အောင်စိစစ်ဆောင်ရွက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ပြန်လည်တင်ပြပေးစေလိုကြောင်း၊ ပုံစံ(၇)နှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ (၁.၁.၂၀၁၃)မှ (၁၅.၉.၂၀၁၉) ရက်နေ့အထိ တောင်သူလယ်သမား ပေါင်း (၆၀၅၃၄၉၂)ဦး‌ လျှောက်ထားပါကြောင်းနှင့် ဆောင်ရွက်ပြီးစီးမှုအနေဖြင့် (၉၃.၆၉)% ပုံစံ(၇) ထုတ်ပေးထားရှိပြီးဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် ပုံစံ(၇)နှင့်ပတ်သက်၍ တောင်သူလယ်သမားပေါင်း မည်မျှလျှောက်ထား၍ မည်မျှဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းကို တင်ပြပေးစေလိုကြောင်း၊ သိမ်းဆည်းထားသော မြေယာများနှင့်ပတ်သက်၍ လျော်ကြေးကိစ္စများအား မြေယာမူဝါဒ (၅၂)ချက်အရ စိစစ်၍ဆောင်ရွက်ပေးစေ လိုကြောင်း၊ လျော်ကြေးပေးရမည့်ကိစ္စများအား တိုင်းဒေသကြီးအနေဖြင့် မြေယာမူဝါဒ(၅၂)ချက် အပေါ်တွင်အခြေခံပြီး တိုင်းဒေသကြီးမှသတ်မှတ် ထားသည့်နှုန်းထားအား သက်ဆိုင်ရာဝန်ကြီးဌာနသို့တင်ပြ၍ လာမည့်ဘတ်ဂျက်တွင် ချထားပေး နိုင်ရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ နောင်လာမည့် အစည်းအဝေးတွင် မြေလွတ်မြေလပ်နှင့် ပတ်သက်သည့် တစ်နိုင်တစ်ပိုင်လျှောက်ထားမှုကိစ္စများ ကိုရှင်းလင်းတိကျစွာ တင်ပြပေးစေလို ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်းမှ ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်သိန်း က လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ မြေယာ အမှုတွဲများအား တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အဆုံးအဖြတ်ရယူခြင်းနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သည့် အမှုတွဲများအား ကော်မတီ၏ ဆုံးဖြတ်ချက်ရယူခြင်းတို့ကို အမှုတွဲတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက် လာသည့်အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြ၍ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးကို ၁၃၄၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။