Follow Us

တိုင်းဒေသကြီး မြေအသုံးချရေး၊ မျိုးစေ့၊ သီးနှံကာကွယ်ရေး ဌာနခွဲများနှင့် မျိုးစေ့အရည်အသွေး ဓာတ်ခွဲခန်းနှင့် သီးနှံကာကွယ်ရေးဓာတ်ခွဲခန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပ

Tue, 11/19/2019 - 22:25

ထားဝယ် နိုဝင်ဘာ ၁၉

          ယနေ့ ၀၈၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုး ရေးရုံး၌ တိုင်းဒေသကြီး မြေအသုံးချရေး၊ မျိုးစေ့၊ သီးနှံကာကွယ်ရေးဌာနခွဲများနှင့် မျိုးစေ့ အရည်အသွေး ဓာတ်ခွဲခန်းနှင့် သီးနှံကာကွယ်ရေးဓာတ်ခွဲခန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်ဦး၊ သီးနှံကာကွယ်ရေး ဌာနခွဲ(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီထိန်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တောင်သူလယ်သမားများ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း က အမှာစကားပြောကြားရာ ယခုကဲ့သို့ သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းများ ဆောက်လုပ်ပြီးဖြစ်သည့်အတွက် တောင်သူလယ်သမားများထံ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ မှ သီးနှံကာကွယ်ရေးအသိပညာပေးမှုများ ပြုလုပ်ပေးရန်လိုအပ်ကြောင်း၊  သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းများရှိနေပြီး တောင်သူလယ်သမားများမှ  သီးနှံကာကွယ်ရေးလုပ်ဆောင်ရန် တတ်သိနားလည်မှု မရှိပါက ၎င်းဓာတ်ခွဲခန်းများ ဆောက်လုပ်ခြင်းသည် အချည်းအနှီးသာဖြစ်ကြောင်း၊ စိုက်ပျိုးရေး ဘက်တွင်လည်း ယခင်ထက်ပို၍ သီးနှံအထွက်တိုးမှုမြင့်မားပြီး တောင်သူလယ်သမားများ လူမှု စီးပွား ဘဝဖွံ့ဖြိုးတိုးတက်မှုရှိလာရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်ဦး၊ သီးနှံ ကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီထိန်တို့က တိုင်းဒေသကြီး မြေအသုံးချရေး၊ မျိုးစေ့၊ သီးနှံကာကွယ်ရေးဌာနခွဲများနှင့် မျိုးစေ့အရည်အသွေး ဓာတ်ခွဲခန်းနှင့် သီးနှံကာကွယ်ရေးဓာတ်ခွဲခန်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်ဦးမှ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနှင့် သီးနှံကာကွယ်ရေးဌာနခွဲ (ရုံးချုပ်)မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နီနီထိန်တို့အား အထိမ်းအမှတ်အလံများ ပေးအပ်ခဲ့ပါသည်။

          ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနှင့် အဖွဲ့သည် သီးနှံကာကွယ်ရေးဓာတ်ခွဲခန်း၏ကမ္မည်းကြေးပြားအား အမွေးနံ့သာရည် ပက်ဖျန်း ပေးခဲ့ပြီး သီးနှံကာကွယ်ရေးဓာတ်ခွဲခန်းအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။