Follow Us

သစ်တောဦးစီးဌာန(ရုံးချုပ်)နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO(Food and Agriculture Organization) တာဝန်ရှိသူများမှ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အား လာရောက်တွေ့ဆုံ

Tue, 11/19/2019 - 01:30

ထားဝယ် နိုဝင်ဘာ ၁၈

          ယနေ့ ၁၅၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမ (၂)၌ သစ်တောဦးစီးဌာန(ရုံးချုပ်)နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO(Food and Agriculture Organization)မှ တာဝန်ရှိသူများ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တွေ့ဆုံ၍ နိုင်ငံအဆင့် သစ်တောသယံဇာတစာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြ ခဲ့ကြောင်း သတင်းရရှိပါသည်။