Follow Us

ကေအင်န်ယူ-ကရင်အမျိုးသားအစည်းအရုံး(မြိတ်/ထားဝယ်ခရိုင်)တာဝန်ရှိသူများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးပွဲကျင်းပ

Fri, 10/07/2016 - 15:50

ထားဝယ် အောက်တိုဘာ ၇

     တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲရုံးအစည်းအဝေး ဧည့်ခန်းမ(၂)၌ တနင်္သာရီတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်၊ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်တို့နှင့် ကေအင်န်ယူအမျိုးသားအစည်းအရုံး (မြိတ်/ ထားဝယ် ခရိုင်) မှ ဥက္ကဌ ဦးစောဆာပီးတုတ်၊ ဖဒိုဝင်းခိုင် တို့သည် ဒေသအတွင်း ငြိမ်းချမ်းရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ (၇.၁၀.၂၀၁၆) ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။