Follow Us

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် မြိတ်မြို့၊ ကန်တော်မင်္ဂလာ နှင့် စုပေါင်းရုံးဆောက်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

Wed, 10/30/2019 - 21:05

မြိတ်  အောက်တိုဘာ  ၃၀

          ယနေ့ နံနက် ၀၇၀၀ နာရီ အချိန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော် နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက်  မြိတ်မြို့၊  မြစ်ငယ်ရပ်ကွက်ရှိ ကန်တော်မင်္ဂလာရေကန်၏ ကန်ပတ်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကန် အတွင်း၊ အပြင်သန့်ရှင်းရေး၊ ကန်ပတ်လည်ရောင်စုံအလှပန်းပင်များ စိုက်ပျိုးထားရှိနိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။

          ဆက်လက်၍  ၀၇၂၀ နာရီ အချိန် တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့်အဖွဲ့သည်  မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စုရှိ ကျော်နေစိုးကုမ္ပဏီလိမိတက်မှ တာဝန်ယူဆောက်လုပ်နေသော စုပေါင်းရုံးဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ကျော်နေစိုးကုမ္ပဏီတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် မှ လိုအပ်ချက်များကိုလမ်းညွှန်မှာ ကြားခဲ့ကြောင်း သတင်းရရှိပါသည်။