Follow Us

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် မြိတ်လေဆိပ်နှင့် မြိတ်ရေနံမြေ ရပ်ကွက် ကမ်းနံဖူးကျောက်စီရေကာတံတိုင်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

Wed, 10/30/2019 - 00:53

မြိတ်  အောက်တိုဘာ  ၂၉

          ယနေ့ ၀၉၄၀ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် အဖွဲ့သည် မြိတ်လေဆိပ် အတွင်း/အပြင် ပြင်ဆင်နေမှုအခြေအနေနှင့် ပြင်ဆင်ရန် လိုအပ်သည့် နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လေဆိပ်တာဝန်ခံအား  လိုအပ်သည်များမှာကြားခဲ့ပါ သည်။

          ဆက်လက်၍ ၁၁၁၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရံပုံငွေဖြင့် ရေနန်းသူဇာကုမ္ပဏီမှ ဆောင်ရွက် လျက်ရှိသည့် တနင်္သာရီမြစ်နှင့် မြိတ်ရေနံမြေရပ်ကွက် ကမ်းနဖူးကျောက်စီရေကာတံတိုင်း တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။