Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် မြိတ်ခရိုင်အဆင့် ဌာနဆိုင်ရာ များ တွေ့ဆုံပွဲကျင်းပ

Wed, 10/30/2019 - 00:41

မြိတ်  အောက်တိုဘာ ၂၉

          ယနေ့ နံနက် ၀၈၀၀ နာရီ အချိန် မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ များ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာ စကားပြောကြားရာ၌ Tanintharyi Region Investment Forum- 2019 အတွက် ပြင်ဆင်မှုအား တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် လိုကြောင်း၊ Investment Forum ပြုလုပ်ပြီး မြိတ်ဒေသနှင့် တိုင်းဒေသကြီးအတွင်း အကျိုးအမြတ် များရရှိအောင် ပြုလုပ်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်၏ ရည်မှန်းချက်တွင်ပါဝင်သော လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဥပဒေနှင့်အညီဖြစ်စေရေးတို့ကို စိစစ်ဆောင်ရွက်ပြီး ဒေသန္တရနှင့် လိုက်လျောညီထွေအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ရင်းနှီးမြှုပ်နှံမှုများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်လည်း  ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင်ပေးရန်လိုအပ်ကြောင်း၊ ရေခံမြေခံကောင်းသည့် မြိတ်ဒေသ အနေဖြင့် အချိန်နှင့်တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်အောင် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပူးပေါင်း ဆောင်ရွက်သွားရန်  လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

          ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ လိုအပ်သည်များဆွေးနွေးပြောကြားပြီး၊ တိုင်း/ ခရိုင် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြ၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ၀၉၃၀ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။