Follow Us

ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး

Fri, 10/07/2016 - 11:21

Vertical Tabs

About Topic

ဦးစီးဌာန၏ လုပ်ငန်း/အကြောင်းအရာအလိုက်ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ
၁။    နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား နိုင်ငံတော်မှ ခွဲဝေချထားသော နှစ်အလိုက်ဘတ်ဂျက် ရန်ပုံငွေများဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ရုံးများမှ တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးများက ဦးစီး၍ ဒေသအလိုက် လိုအပ်လျက်ရှိသော လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ အိမ်ရာဆောက်လုပ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သာသနာရေး၊ ဆက်သွယ်ရေး ဆိုင်ရာကိစ္စရပ်များအစရှိသဖြင့် နှစ်အလိုက်ဒေသ၏လုပ်ငန်းလိုအပ်ချက်များအား စိစစ် ရွေးချယ်ခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအကြီးအကဲများ၏ လမ်းညွှန်ချက်၊ ပြည်ထောင်စု အဆင့်ညွှန်ကြားချက် များဖြင့် လုပ်ငန်းများအားစိစစ်ရွေးချယ်ပြီး နှစ်အလိုက် ခွင့်ပြုထား သောဘတ်ဂျက် ရန်ပုံငွေများဖြင့် ဆောင်ရွက်ရန်ရှိသည့်လုပ်ငန်းများကို လုပ်ငန်းစုအလိုက် ခွဲဝေ၍ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများအား တင်ဒါစနစ်ဖြင့် လုပ်ငန်းများအပ်နှံ ဆောင်ရွက်ခြင်း၊
၂။    လုပ်ငန်းများအား တင်ဒါစနစ်ဖြင့်ဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့် ညွှန်ကြားချက်များ၊ တိုင်းဒေသကြီးအဆင့်ညွှန်ကြားချက်များအား သတ်မှတ်ထားသော လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို  စည်းမျဉ်းစည်းကမ်းများနှင့်အညီ  တိုင်းအဆင့် ဦးစီးဌာနများမှ သက်ဆိုင်ရာခရိုင်/မြို့နယ်အဆင့်ဆင့်များသို့ကြီးကြပ်ကွပ်ကဲပြီး ဦးစီးဌာနရုံးချုပ်သို့ တာဝန်ခံ ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။
၃။    ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်ငွေကြေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ တိုင်းဒေသကြီးအဆင့် ခွဲဝေချထားပေးသော ဘဏ္ဍာငွေများအား တိုင်းဒေသကြီး  အစိုးရအဖွဲ့၏ တာဝန်ယူကြီးကြပ်မှုဖြင့် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပြည်ထောင်စုအဆင့် တွင်လည်းပြည်ထောင်စုအစိုးရမှ ခွဲဝေချထားပေးသော ဘဏ္ဍာငွေများအားပြည်ထောင်စု အစိုးရအဖွဲ့၏ တာဝန်ယူကြီးကြပ်ကွပ်ကဲမှုဖြင့် ဦးစီးဌာနရုံးချုပ်၏ စည်းမျဉ်းစည်းကမ်းများနှင့် အညီဆောင်ရွက်ခြင်း၊

 

Office Address and Location Map
Location Map: