Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင် ထားဝယ်လေဆိပ်အားကြည့်ရှုစစ်ဆေး

Sun, 10/27/2019 - 22:12

ထားဝယ်၊ အောက်တိုဘာ  ၂၇

          ယနေ့ ၁၃၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ရေး-ထားဝယ် ကားလမ်းနံဘေးနှင့် ထားဝယ်လေဆိပ်ခြံစည်းရိုးကြားရှိ ခြုံနွယ်များ ရှင်းလင်းခြင်းနှင့် မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ လေဆိပ်ဝင်းအတွင်း/အပြင် သန့်ရှင်းရေးအခြေအနေ၊ မသန်မစွမ်းခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာသွားလာနိုင်စေရန် အတွက် စီစဉ်ဆောင်ရွက်ပေးထားမှုအခြေအနေ၊ ခရီးသည်နားနေဆောင်အတွင်းရှိ သန့်စင်ခန်း အခြေအနေများအား  ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ် ဦးမြင့်မောင်က  လိုအပ်ချက်များ ရှိပါက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။