Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင် “ထားဝယ်မြို့တော် သန့်ရှင်းဖို့၊ စည်းကမ်း တကျ အမှိုက်ပစ်စို့” လူထုလှုပ်ရှားမှု အခမ်းအနား တက်ရောက်

Sun, 10/27/2019 - 17:11

ထားဝယ် အောက်တိုဘာ ၂၇

          ယနေ့ နံနက် ၀၈၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  သက်ဆိုင်ရာ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ လိုက်ပါလျက်ထားဝယ်မြို့၊ ကမ်းနားဈေးလမ်းဆုံတွင် ထားဝယ်မြို့နယ်သန့်ရှင်းသာယာလှပရေးအတွက် “ထားဝယ်မြို့တော် သန့်ရှင်းဖို့၊ စည်းကမ်းတကျ အမှိုက်ပစ်စို့” စာတမ်းပါ ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြပြီး “ထားဝယ်မြို့တွင် လမ်းပေါ်သို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ပါက စည်ပင် ဥပဒေအရ အရေးယူခြင်းခံရမည်” “မြို့တော် သန့်ရှင်းသာယာဖို့ ပူးပေါင်းပါဝင်စို့” စာတမ်းပါ စတစ်ကာစာရွက်များကို လမ်းသွားလမ်းလာကားများ၊ သုံးဘီးမော်တော်ဆိုင်ကယ်များအား ကပ်ပေး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာကြရန်နှင့် လမ်းမပေါ်သို့ အမှိုက်များ မစွန့်ပစ်ကြရန်မှာကြားခဲ့ပြီး ထားဝယ်မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။