Follow Us

နဝမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား လုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေးကျင်းပ

Thu, 10/24/2019 - 17:58

ထားဝယ် အောက်တိုဘာ ၂၄

          ယနေ့ ၁၀၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ နဝမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား လုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ အလှူတော်မင်္ဂလာအခမ်းအနားလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ခဲ့ပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့်  အမှာစကားပြောကြားရာ နဝမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ထားဝယ်မြို့သာသနာ့ဘိမာန်တွင် စည်ကားသိုက်မြိုက်စွာနှင့် အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရေး အတွက် အလှူတော်မင်္ဂလာအခမ်းအနားလုပ်ငန်းကော်မတီဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်း၍ စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။

          ထို့နောက် တက်ရောက်လာကြသော နဝမအကြိမ် စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားလုပ်ငန်းကော်မတီဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲတို့က လုပ်ငန်းဆောင်ရွက် မည့်အခြေအနေများအား ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးကို ၁၀၃၅ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ ကြောင်းသတင်းရရှိပါသည်။