Follow Us

မှုခင်းတပ်ဖွဲ့စုမှုးရုံး

Fri, 10/07/2016 - 11:10

Vertical Tabs

About Topic

မှုခင်းတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များ

(က) တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို အထောက်အကူဖြစ်ရေးအတွက် မှုခင်းများ တားဆီးနှိမ်နင်းနိုင်ရန် ကြိုတင်သတင်းရယူခြင်းနှင့် ဖြစ်ပေါ်သောမှုခင်းများကို စုံစမ်းဖော်ထုတ်ခြင်း။
(ခ ) တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်ရဲစခန်းများမှ ဖော်ထုတ်ရန် ခက်ခဲသောမှုခင်းများ၊ အများပြည်သူစိတ်ဝင်စားသောမှုခင်းများ၊ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သောမှုခင်းများ၊ နည်းပညာမှုခင်းများနှင့် ငွေစက္ကူအတုနှင့်ပက်သက်သည့် မှုခင်းများကို စုံစမ်းဖော်ထုတ်ခြင်း။
(ဂ ) ပြည်သူလူထု၏ တင်ပြတိုင်ကြားချက်များနှင့် ပက်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတပ်ဖွဲ့ဌာနချုပ်က တာဝန်ပေးသည့်အခါ စုံစမ်းဖော်ထုတ်ခြင်း။
(ဃ) မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်း၊ ရူပ/ဓါတုမှုခင်းများ၊ အငြင်းပွားစာရွက်စာတမ်းများ၊ ငွေစက္ကူအတုကိစ္စရပ်များ၊ လက်ပုံစံကိစ္စရပ်များ၊ နည်းပညာမှုခင်းများနှင့်ပက်သက်၍ ကျွမ်းကျင်သူများက စစ်ဆေးထင်မြင် ချက်ပေးခြင်း၊ အခင်းဖြစ်ရပ်သို့ သွားရောက်ပြီး သဲလွန်စအထောက်အထားများရှာဖွေ၍ နယ်မြေခံရဲတပ်ဖွဲ့၏ မှုခင်းဖော်ထုတ်မှုအား ကူညီပံ့ပိုးပေးခြင်း။
(င) ဓါတ်ခွဲခန်းပညာရပ်များ၊ နည်းပညာရပ်များနှင့် မှုခင်းများနှင့်ပက်သက်သည့် သုတေသနပြုလုပ်တင်ပြခြင်း၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊ အာဆီယံရဲအဖွဲ့တို့နှင့်ဆက်သွယ်၍ မှုခင်းစုံစမ်းစစ်ဆေးမှုနည်းပညာနှင့် အတွေ့ အကြုံများဖလှယ်ခြင်း။
(စ ) နိုင်ငံကူးလက်မှတ်များကိစ္စရပ်များ၊ အမှုထမ်းလုံခြုံမှုကိစ္စရပ်များနှင့်ပက်သက်၍ ကိုယ်ရေးနောက်ကြောင်းနှင့် ပြစ်မှုမှတ်တမ်းများကို စိစစ်ခြင်း။
(ဆ) လူဆိုးစာရင်းမာတိကာစာချုပ်များ ရေးဖွင့်မှတ်တမ်းတင်ခြင်း၊ ပြည်နယ်/တိုင်းဒေသကြီး၊ မြို့နယ်ရဲစခန်းများမှမေးမြန်းသည့် ပြစ်ချက်ဟောင်းများ စိစစ်ပြန်ကြားပေးခြင်း။
(ဇ)  အပြည်ပြည်ဆိုင်ရာရဲအဖွဲ့နှင့် အာဆီယံရဲအဖွဲ့တို့က ပေးပို့သည့် ပြစ်မှုမှတ်တမ်းများအား မှတ်တမ်းတင်ခြင်း၊ အခြားနိုင်ငံများမှ အလိုရှိသော ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖမ်းဆီးရန် သက်ဆိုင်ရာတပ်ဖွဲ့/ ဌာနများသို့ အကြောင်းကြားခြင်း၊

ဦးစီးဌာန၏ လုပ်ငန်း/အကြောင်းအရာအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ
    ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရဲလက်စွဲနှင့် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။

 

Office Address and Location Map
Location Map: