Follow Us

တိုင်းဒေသကြီးဝန်ကြီးချုပ် ထားဝယ်မြို့အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအား လှည်လည်ကြည့်ရှုစစ်ဆေး

Thu, 10/06/2016 - 16:26

ထားဝယ် အောက်တိုဘာ ၆
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်(၁၀း၃၀)နာရီအချိန်တွင် ထားဝယ်တက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ ချုံနွယ်များရှင်းလင်းပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ထိုနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ထားဝယ်မြို့၊ ကမ်းနားလမ်းတွင် မြေထိန်းနံရံပြုလုပ်ရန်အတွက် မြေနေရာရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး မြစ်ကမ်းနဖူးနံဘေးတွင် သီတင်းကျွတ်လပြည့်နေ့၌ သပိတ်မျှောပွဲကျင်းပပြုလုပ်ရန် စီစဉ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့မှ ဦးဆောင်၍ ပြုလုပ်နေသော ကမ်းနားလမ်း ကွန်ကရစ်လမ်းခင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။