Follow Us

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပခြင်း

Mon, 09/30/2019 - 23:41

ထားဝယ်   စက်တင်ဘာ   ၃၀

          ယနေ့ နံနက် ၁၀ နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ဒုတိယ အကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၇)ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦးနှင့် လေ့လာသူသတင်းမီဒီယာ (၅၂) ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေနှင့် တွဲဖက်အခမ်းအနားမှူးအဖြစ် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးမိုးထွန်းတို့က ဆောင်ရွက်ခဲ့ပါသည်။

          ထို့နောက် အစည်အးဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (ဒုတိယနေ့) အစည်းအဝေးတက်ရောက်မှုကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထား သော ကြယ်ပွင့်ပြမေးခွန်း(၄)ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်း နှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းထားသော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်း ဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ခြင်း၊ အတည်ပြုရန်အဆိုတင်သွင်းခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းထားသော ၂၀၁၉-၂၀၂၀ ခုနှစ်၊ တနင်္သာရီတိုင်း ဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးခြင်း၊ အတည်ပြုရန်အဆိုတင်သွင်းခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်၏ အဆုံး အဖြတ်ရယူခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီး က တနင်္သာရီတိုင်းဒေသကြီးမြေယာခွန်ဥပဒေ(မူကြမ်း)အား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်း ခြင်းနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ကို ဖတ်ကြား ရှင်းလင်းခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က မောတောင်မြို့ အဆိုပြုမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ပုံစံအား အတည်ပြုပေးနိုင်ရေး တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကို နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့‌ကြောင်းနှင့် ဒုတိယအကြိမ် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)ကို ၁.၁၀.၂၀၁၉ ရက်၊ အင်္ဂါနေ့၊ နံနက် ၁၀ နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။