Follow Us

“တနင်္သာရီတိုင်းဒေသကြီးသစ်တောပြန်လည်တည်ထောင်ရေးစီမံကိန်း”(၂၀၁၇-၂၀၁၈ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ) အစည်းအဝေးကျင်းပ

Thu, 10/06/2016 - 16:02

ထားဝယ် အောက်တိုဘာ ၆
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်နှင့် အစိုးရအဖွဲ့ဝန်ကြီး များ၊ တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက်(၁၀း၀၀)နာရီအချိန် တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဧည့်ခန်းမဆောင် “တနင်္သာရီတိုင်းဒေသကြီးသစ်တော ပြန်လည်တည်ထောင်ရေးစီမံကိန်း”(၂၀၁၇-၂၀၁၈ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ) နှင့်စပ်လျဉ်း၍ ညှိုနှိုင်းအစည်းအဝေးတစ်ခု ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ နိုင်ငံတော်ပိုင်သစ်တောစိုက်ခင်းများကို အချက်(၁၁)ချက်ဖြင့် ပြန်လည် တည်ထောင်သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို ပြန်လည် ဖြည့်စွက် ညွှန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။