Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား (၃)ခရိုင် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

Thu, 09/26/2019 - 18:36

ထားဝယ်   စက်တင်ဘာ  ၂၅

          စက်တင်ဘာ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်တွင် ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစားကွင်း၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား (၃)ခရိုင် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်အနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောလုကာ၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။

           ရှေးဦးစွာ ဗိုလ်လုပွဲသို့တက်ရောက်လာသော ထားဝယ်ခရိုင်အသင်းနှင့် မြိတ်ခရိုင်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ထားဝယ်ခရိုင်အသင်းက မြိတ်ခရိုင်အသင်းကို ၃ ဂိုး ၀ ဂိုးဖြင့် အနိုင်ရရှိသည်။

          ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပခဲ့ရာ တိုင်းဒေသကြီးအားကစားနှင့် ကာယ ပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ကြက်ခြေနီအသင်းအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး တာဝန် ရှိသူများက ဂိုးသွင်းအများဆုံးနှင့် အကောင်းဆုံးအားကစားသမားဆုများကို ဆုချီးမြှင့်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ က ဒုတိယဆုရရှိသော မြိတ်ခရိုင်အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုချီးမြှင့်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲဝင်လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က ပထမဆုရရှိသော ထားဝယ်ခရိုင်အသင်းအားတစ်ဦးချင်းဆုနှင့်ငွေသားဆုချီးမြှင့်ပြီး တံခွန်စိုက် ဒိုင်းဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။