Follow Us

စည်ပင်သာယာရေးအဖွဲ့ လမ်းတံတားနှင့် အခြားလုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါတင်သွင်း နိုင်ရေးကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

Tue, 09/24/2019 - 00:27

ထားဝယ်  စက်တင်ဘာ   ၂၃

          ယနေ့ နေ့လယ် ၂ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စည်ပင်သာယာရေးအဖွဲ့ လမ်းတံတားနှင့် အခြားလုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါတင်သွင်း နိုင်ရေးကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ရှင်းလင်းဆွေးနွေးပွဲသို့ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးဟိုပင်၊ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။        

          ရှင်းလင်းဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က အဖွင့်အမှာ စကားပြောကြားရာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ တွေ့ဆုံရခြင်းမှာ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက် အစိုးရအဖွဲ့က အသိပေးရမည့်ကိစ္စရပ်များ၊ စည်ပင်သာယာရေးကော်မတီမှ တင်ပြရမည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြပေးနိုင်ရန် ဖြစ်ပါကြောင်း၊ ယခုလိုတွေ့ဆုံမှုကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့လာနိုင် မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ရန်ပုံငွေစုစုပေါင်း၏ ၁၃.၁၃% ကို စည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သုံးစွဲသွားမည်ဖြစ်ပါကြောင်း၊ ရန်ပုံငွေအများဆုံးကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်မည့်လုပ်ငန်းများတွင် အများဆုံးသုံးစွဲသွားမည်ဖြစ်ပါကြောင်း၊ အများဆုံးသုံးစွဲရခြင်း ရည်ရွယ်ချက်မှာ မြို့ပြနှင့်ကျေးလက်ဒေသ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်ပြီး ရန်ပုံငွေစုစု ပေါင်း၏၂၅.၈၀% သုံးစွဲသွားမည်ဖြစ်ပါကြောင်း၊ အနည်းဆုံးအနေဖြင့်ရုံးလုပ်ငန်းများကိုသာ အဓိကထား ဆောင်ရွက်ရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွက် ရန်ပုံငွေစုစုပေါင်း၏ ၂.၉၆ % သုံးစွဲသွား မည်ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် အခွန်အရပ်ရပ်မှရငွေနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့မှ ထောက်ပံ့ငွေများသည် ယခင်နှစ်ကထက် ပိုမိုများပြားပါကြောင်း၊ စည်ပင်သာယာရေးအဖွဲ့များ အတွက် ရန်ပုံငွေသုံးစွဲမှုပမာဏ ပိုမိုများပြားလာသည့်အပေါ်မူတည်၍ လုပ်ထုံးလုပ်နည်းများကို ပြောင်း လဲခဲ့ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့မှ ဆောင်ရွက်သည့် လုပ်ငန်းများကို ယခင်ကတည်းက တင်ဒါစနစ်ဖြင့်ဆောင်ရွက်ခဲ့သည့်ဌာနများဖြစ်၍ စည်ပင်သာယာရေး ကော်မတီဝင်များ ဆွေးနွေးတင်ပြသည့်အခါ ပိုမိုဆွေးနွေးနိုင်အောင် ယခုရှင်းလင်းဆွေးနွေးပွဲသို့ ဖိတ် ကြားထားခြင်းဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေများသုံးစွဲရာတွင် မှန်မှန်ကန်ကန်နှင့် လုပ်ငန်းများ သတ်မှတ် ကာလအတွင်း ပြီးစီးရန်လိုအပ်ပြီး သတ်မှတ်စံချိန်စံညွှန်းများလည်း ကိုက်ညီရန်လိုအပ်ပါ ကြောင်း၊ စည်ပင်သာယာရေးကော်မတီဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့်အညီ လုပ်ငန်းများအောင်မြင် ချောမွေ့စွာပြီးစီးနိုင်ရေးရည်ရွယ်ပြီး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူးက အိတ်ဖွင့်တင်ဒါတင်သွင်း နိုင်ရေးကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင် များနှင့် မြို့နယ်စည်သာယာရေးအဖွဲ့အမှုဆောင်အရာရှိများက မြို့နယ်အလိုက် ဆောင်ရွက်မည့်အခြေ အနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ညနေ ၅ နာရီ ၂၅ မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။