Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် ထားဝယ်လေဆိပ်အား ကြည့်ရှုစစ်ဆေး

Fri, 09/20/2019 - 20:52

ထားဝယ် စက်တင်ဘာ ၂ဝ

          ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ကျော်တို့သည် သက်ဆိုင်ရာတိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ထားဝယ်လေဆိပ်သို့ရောက်ရှိပြီး လေဆိပ်ဝင်းအတွင်း/အပြင် သန့်ရှင်းရေးအခြေအနေ၊ ခရီးသည်နားနေဆောင်အတွင်းရှိ သန့်စင်ခန်းများအခြေအနေ၊ ခရီးသည်နားနေခန်းအတွင်း အလင်း ရောင်ရရှိမှုအခြေအနေနှင့် လေဆိပ်ဝင်းအတွင်းရှိ လမ်းမီးတိုင်များအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က ထားဝယ်လေဆိပ်သည် တိုင်း​ဒေသကြီး ၏ ပြယုဂ်တစ်ခုဖြစ်သည့်အတွက် လေဆိပ်သန့်ရှင်းရေးကို အထူးအလေးထားဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ပြည်တွင်းခရီးသည်များသာမက ပြည်ပခရီးသည်များပါ ဝင်/ထွက်သွားလာနေပြီး ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အရေးပါသည့်နေရာဖြစ်၍ အလေးထားရန် လိုအပ်ပါ ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ အခက်အခဲများနှင့်  လိုအပ်ချက်များ ရှိပါက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် တင်ပြဆောင်ရွက်ပေးရန် ထားဝယ်လေဆိပ်တာဝန်ခံအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။