Follow Us

တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲရုံး

Thu, 10/06/2016 - 10:17

Vertical Tabs

About Topic

တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ လုပ်ငန်းတာဝန်များ
(က) လွှတ်တော်ရွေးကောက်ပွဲများကျင်းပခြင်
(ခ) လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်းနှင့်  ကြီးကြပ်စေခြင်း၊
(ဂ) ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းစေခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊
(ဃ) မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊
(င) မဲစာရင်းပြုစုခြင်း၊ ပြုစုစေခြင်း၊ ပြင်ဆင်ခြင်းနှင့် ပြင်ဆင်စေခြင်း၊
(စ) သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ နယ်မြေလုံခြုံရေးအခြေအနေအရသော်လည်းကောင်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်းနှင့် ပယ်ဖျက် ခြင်း၊
(ဆ) လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွှာထုတ်ပေးခြင်း၊
(ဇ) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို စစ်ဆေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊
(စျ) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၇၆ ပုဒ်မခွဲ (ဇ) အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်ထားသည့် ပုဂ္ဂိုလ်နှင့်ပတ်သက်၍ ကန့်ကွက်ချက်များရှိပါက ယင်းကန့်ကွက်ချက်များကို စစ်ဆေးဆုံးဖြတ်ပေးနိုင်ရေးအတွက် ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းစေခြင်း၊
(ည) ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် ရန်ပုံငွေခွဲဝေချထားခြင်း၊ အသုံးစရိတ်များကို ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊
(ဋ)  နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊ ကြီးကြပ်စေခြင်းနှင့် လမ်းညွှန်ခြင်း၊
(ဌ)  ဥပဒေတစ်ရပ်ရပ်အရ ပေးအပ်ထားသောတာဝန်များကို ထမ်းဆောင်ခြင်းတို့ဖြစ်သည်။                     

လုပ်ငန်း/အကြောင်းအရာအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ
    တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် အောက်ပါလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပါသည်။
(က) (၅)နှစ်တစ်ကြိမ်အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ပေးခြင်း၊
(ခ) နိုင်ငံရေးပါတီများအားနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီကြီးကြပ်ဆောင်ရွက်ခြင်း၊
(ဂ) လစ်လပ်လျက်ရှိသောမဲဆန္ဒနယ်များအတွက်ကြားဖြတ်ရွေးကောက်ပွဲများကျင်းပပြုလုပ်ပေးခြင်း၊

Office Address and Location Map
Location Map: