Follow Us

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် အလှူငွေများလက်ခံရရှိ

Fri, 08/30/2019 - 22:33

ထားဝယ်  ဩဂုတ်  ၃၀

          ယနေ့ နေ့လယ်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံးခန်း၌ တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(တနင်္သာရီဇုန်)က အလှူငွေကျပ် (၁၅၅၉၂၅၀) အားလည်းကောင်း၊ ချိုဇူးဇူး ကုမ္ပဏီ က အလှူငွေကျပ်(၁၀)သိန်းအား လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ် တို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။