Follow Us

ကိုရီးယားနိုင်ငံမှလှူဒါန်းသော ဆန် ၇.၈၈ တန်အား ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

Fri, 08/30/2019 - 22:30

ထားဝယ်  သြဂုတ် ၂၉

          သြဂုတ် ၂၉  ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်တွင် ထားဝယ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ အာဆီယံအပေါင်း(၃)အရေးပေါ်အရန်ဆန်ရိက္ခာ အစီအစဉ်(၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန် ၇.၈၈ တန်အား ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း က  အမှာစကား ပြောကြားပြီးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်ဦး က ရေဘေးသင့် ပြည်သူများအတွက် ဆန်များလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်ဦးနှင့်တာဝန်ရှိသူများ က ကိုရီးယားနိုင်ငံမှ လှူဒါန်း သော ၄၀ ကီလိုဂရမ်ရှိ ဆန်အိတ် ၁၉၇ အိတ်(၇.၈၈ တန်)အား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ သို့ လွှဲပြောင်းပေးအပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း က လက်ခံရယူ ခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။