Follow Us

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များအား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများထံ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

Tue, 08/27/2019 - 21:10

ထားဝယ်     ဩဂုတ်    ၂၇

          ယနေ့ နံနက် ၁၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တိုင်း ရင်းသားပုံပြပုံပြင်စာအုပ်များအား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများထံ ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက ပုံနှိပ်ထုတ်ဝေထားသည့် တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများထံ ပေးအပ်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် ထားဝယ်၊ မွန်၊ ကရင်နှင့် ဆလုံ စသည့် တိုင်းရင်းသားများ အဓိက နေထိုင်လျက်ရှိပါကြောင်း၊ လက်ရှိတွင် သင်ရိုးညွှန်းတမ်း ရှိပြီး ဖြစ်သည့် မွန်၊ စကောကရင် ၊ ပိုးကရင်နှင့် ဗမာ စသည့်တိုင်းရင်းသားဘာသာစကားဖြင့် ပြုစု ထားသော တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီများထံ ပေးအပ်သွားမည့်အပြင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များတွင်လည်း ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ယခုလို တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ပေးအပ်ခြင်းအတွက် တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ စာပေများအား လွတ်လပ်စွာသင်ကြားခွင့်၊ ကလေးများစိတ်ဝင်စားမှုရှိစေရန် ထုတ်ဝေထားသည့် စာအုပ်များဖြစ်၍ ကျောင်းနေအရွယ်ကလေးများသည် မိမိတို့၏ ဘာသာစကားများအပေါ် ပိုမိုစိတ်ဝင်စားစွာ သင်ယူ လာနိုင်ပြီး တိုင်းရင်းသားများ၏ ဘာသာစကားစာပေများကို တန်ဖိုးထားလေးစားလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသည့်အတွက် တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးစွာ လက်တွဲနေထိုင်နိုင်ရန်အတွက် အစိုးရအဖွဲ့များကလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တိုင်းရင်းသားများ၏အကျိုးကို တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးသည့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာခြင်းအတွက် တိုင်းရင်းသားများကိုယ်စား ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားခဲ့ပါသည်။

            ထို့နောက် တနင်္သာရီတိုင်းဒေသကြီးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဒေါ်နော်မာလေး က အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့က တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များအား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများထံ ပေးအပ်ခဲ့ရာ ကော်မတီများကိုယ်စား ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။