Follow Us

သဘာဝဘေးအန္တရာယ်အတွက် အလှူငွေများလက်ခံရရှိ

Mon, 08/26/2019 - 22:43

ထားဝယ်  ဩဂုတ်  ၂၆

          ယနေ့ နေ့လယ်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံးခန်း၌ တနင်္သာရီ တိုင်းဒေသကြီးအတွင်း သဘာဝဘေးသင့်ပြည်သူများအတွက် ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမ္ပဏီ လီမိတက်က အလှူငွေကျပ်သိန်း(၂၀)အား ပေးအပ်လှူဒါန်းခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ် တို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။