Follow Us

မြန်မာ့စာတိုက်လုပ်ငန်း

Wed, 10/05/2016 - 16:26

Vertical Tabs

About Topic

မြန်မာ့စာတိုက်လုပ်ငန်း၏ လုပ်ငန်းတာဝန်များ
(၁)  တံဆိပ်ခေါင်းရောင်းချခြင်း
(၂)  မှတ်ပုံတင်စာလက်ခံ/ပေးဝေခြင်း
(၃)  မှတ်ပုံတင်ချောထုပ်လက်ခံ/ပေးဝေခြင်း
(၄)  ရိုးရိုးစာလက်ခံ/ပေးဝေခြင်း
(၅)  တန်ဘိုးပေးရွေးချောစာ/ချောထုပ်လက်ခံ/ပေးဝေခြင်း
(၆)  ရိုးရိုးချောထုပ်လက်ခံ/ပေးဝေခြင်း
(၇)  ရိုးရိုးငွေပို့လွှာလက်ခံ/ပေးဝေခြင်း
(၈)  အမြန်ငွေပို့လွှာလက်ခံ/ပေးဝေခြင်း
(၉)  ပြည်တွင်းအမြန်ချောပို့လက်ခံ/ပေးဝေခြင်း
(၁၀) ပြည်ပအမြန်ချောပို့လက်ခံ/ပေးဝေခြင်း

ကြေးနန်းလုပ်ငန်း၏ လုပ်ငန်းတာဝန်များ
(၁) e- Telegram ကြေးနန်းပို့/ယူဆောင်ရွက်ခြင်း
(၂) FAX ပို့/ယူလုပ်ငန်းဆောင်ရွက်ပေးခြင်း
(၃) PAC(Public Accesses Centre)ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း
(၄) R/T(Radio Telephone)လွှင့်/ဖမ်းစက်ဖွင့်လှစ်ဆောင်ရွက်ခြင်း
(၅) လိပ်စာတိုကြေးနန်းဖြင့် လုပ်ငန်းဆောင်ရွက်ပေးခြင်း
(၆) Online Card ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ကြေးနန်းပို့/ယူပေးခြင်း

မြန်မာ့စာတိုက်လုပ်ငန်းမှကျင့်သုံးလျက်ရှိသော ဥပဒေ ၊ နည်းပညာများ
(ပြည်ထောင်စု / တိုင်းဒေသကြီး)

မြန်မာ့စာတိုက်လုပ်ငန်းဥပဒေ ကျင့်သုံးမှုသည် ၁၈၉၈ ခုနှစ် Myanmar Post  Office Act နှင့်အညီ ကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်။
စာတိုက်အက်ဥပဒေ
- မြန်မာနိုင်ငံ ကိုဓဥပဒေ သတ္တမတွဲမှ မြန်မာနိုင်ငံစာပို့တိုက်အက်ဥပဒေပါ အခန်း(၁) မှ (၁၁) အထိတွင် ပုဒ်မ (၁) မှ ပုဒ်မ(၇၅) အထိ ရေးဆွဲထားသော အက်ဥပဒေနှင့် နည်းဥပဒေများအရ လက်ရှိလုပ်ငန်း ဆောင်ရွက်နေပါသည်။ 
နည်းဥပဒေများ
စာပို့ခနှုန်းထားများမှာ-
- စာပို့ခများကို (၂၈-၁၁-၂၀၁၁)ရက်နေ့မှစ၍ ပြည်ပစာပို့ခများကို ရိုးရိုးစာတစ်စောင် (20) gm  လျှင် ၅၀ဝိ/-ကျပ်၊ မှတ်ပုံတင်စာတစ်စောင် (20) gm  လျှင် ၁၂၀ဝိ/-ကျပ်၊ ပြည်တွင်းစာပို့ခများကို (၁၄-၁၂-၂၀၁၁) ရက်နေ့မှစ၍ ရိုးရိုးစာတစ်စောင် (20) gm  လျှင် ၁၀ဝိ/-ကျပ်၊ မှတ်ပုံတင်စာတစ်စောင် (20) gm  လျှင် ၂၀ဝိ/-ကျပ်၊ မှတ်ပုံတင်ချောထုပ် (500) gm  လျှင် ၄၀ဝိ/-ကျပ်ဖြင့်လည်းကောင်း ကောက်ခံ၍ လေကြောင်းဖြင့် ပေးပို့မည်ဆိုပါက စာတစ်စောင်လျှင် လေကြောင်းခ ၁၀ဝိ/- ကျပ်၊ မှတ်ပုံတင်ချောထုပ်အား လေကြောင်းဖြင့် ပေးပို့ပါက လေကြောင်းခ တစ်ကီလိုလျှင် ၂၅၀ဝိ/-ကျပ် ၊ တိုးမြှင့်၍ ယခုအချိန်အထိ ကောက်ခံလျက်ရှိပါသည်။
- ငွေပို့လွှာလုပ်ငန်းများကို (၁-၄-၂၀၁၄) ရက်နေ့မှစ၍ သုံးစွဲသူပြည်သူများအား သက်သာသောနှုန်းထားဖြင့် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဖော်ပြပါနှုန်းထားအတိုင်း ပြောင်းလဲကောက်ခံခဲ့ပါသည်-

ကြေးနန်းခနှုန်းထားများမှာ-
၁။ စာလုံးရေ ၁၀၀ လျှင် ၂၀ဝိ/- ကျပ် နောက်တိုးစာလုံးရေ ၁၀၀ တိုင်း ၂၀ဝိ/- ကျပ် ။
၂။ e-Telegram  ကြေးနန်းတစ်စောင်လျှင် ၃၀ဝိ/-ကျပ်(စာလုံးရေ ၅၀၀)။ 
၃။ Fax  ကြေးနန်းတစ်စောင်လျှင် A 4 တစ်မျက်နှာ ၂၀ဝိ/- ကျပ် ။
ယခုအခါ ခေတ်စနစ်နှင့်လျော်ညီသော စာပို့တိုက်ဥပဒေမူကြမ်း အခန်း(၁) မှ (၂၁)အထိ ပုဒ်မ(၁) မှ (၁၀၀)ထိအား ဌာနအတွင်းညှိနှိုင်းဆွေးနွေးအကြံပြုချက်များ ရယူလျက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆောင်ရွက် လျက်ရှိပါသည်။

 

မြန်မာ့စာတိုက်လုပ်ငန်း၏ လုပ်ငန်း/အကြောင်းအရာအလိုက် ဆောင်ရွက်လျှက်ရှိသည့် လုပ်ထုံးလုပ်နည်းများ
  စာတိုက်လုပ်ငန်းဝန်ဆောင်မှုများအား တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာစာတိုက်များ အဆင့်အလိုက် ဆောင်ရွက်ပေးခြင်း၊ ကြေးနန်းလုပ်ငန်းဝန်ဆောင်မှုများအား တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာကြေးနန်းရုံးစခန်း အလိုက် ဆောင်ရွက်ပေးခြင်းများကို အထက်ဖော်ပြပါ ၁၈၉၈ ခုနှစ် Myanmar  Post Office Act လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။
  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၂၀၁၅ ခုနှစ်၊ ဧပြီလမှစတင်၍ မြန်မာ့စာတိုက်လုပ်ငန်းဖွဲ့စည်းပုံအသစ်ဖြင့် ဌာနကြီးတစ်ခုအဖြစ်ရှိရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း မြန်မာ့စာတိုက်လုပ်ငန်း၊ တနင်္သာရီတိုင်းဒေကြီး စီမံ/ဘဏ္ဍာရေး/ လုပ်ငန်းနှင့် ထောက်ပံ့ရေးကဏ္ဍာများ၏ လုပ်ငန်းအားလုံးကို (၁-၁-၂၀၁၆) ရက်နေ့မှ စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။
  တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့စာတိုက်လုပ်ငန်း၏ စာတိုက်နှင့်ကြေးနန်း (၅၀+၁၉)ရုံးဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တိုင်းအဆင့်(၁)ရုံးနှင့် အခြားအဆင့် (လုပ်ငန်းပြည့်စာတိုက်၊ စာတိုက်ခွဲ၊ ကျေးရွာ ကိုယ်စားလှယ်စာတိုက်) (၄၉)ရုံး တို့ဖြစ်ကြပါသည်။
  စာတိုက်ဝန်ဆောင်မှုလုပ်ငန်းတွင် ပြည်တွင်းရိုးရိုးချောပို့စနစ်၊ အမြန်ချောပို့ စနစ်(DEMS) ၊ အမြန်ငွေပို့လွှာစနစ်များဖြင့် ဆောင်ရွက်နေပါသည်။ ပြည်ပ(နိုင်ငံခြား)ချောနှင့် အမြန်ချောပို့လုပ်ငန်းအား ထားဝယ်စာတိုက်မှ (၁-၁-၂၀၁၆)တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ပြီး မြိတ်နှင့် ကော့သောင်းစာတိုက်များအား ပြည်ပစာပို့ ၊ ပြည်ပအမြန်ချောကို ( ၁ - ၈ - ၂၀၁၆ )တွင် ဆောင်ရွက်ခဲ့ပါသည်။
  မြန်မာ့စာတိုက်လုပ်ငန်းသည် ပုံမှန်ဆောင်ရွက်ခဲ့သော (စာတိုက်+ကြေးနန်း) ပေးပို့ရိုက်ကြားမှု နည်းပါးလာသည်နှင့်အမျှ ဝင်ငွေတိုးတက်ရရှိရေးအတွက် ပြည်သူလူထုလိုအပ်ချက်ကို ဖြည့်ဆည်းဝန်ဆောင်မှု ပေးနိုင်ရန်အတွက် တီထွင်ကြံဆပြီး ပြည်တွင်း တိုင်းဒေသကြီး/ပြည်နယ်များမှ ဒေသထွက်ကုန် မှာယူပစ္စည်းများကို အိမ်အရောက် ပေးဝေစနစ် Hometown  Product Delivery Service (HPD) ၊ Pickup  Service (Online  Shopping) မှ စာပို့တိုက်စနစ် အသုံးပြုပြီး မှာယူပစ္စည်းများ အိမ်အရောက် ပေးဝေခြင်းစနစ်များအား (၁-၁-၂၀၁၆)နေ့မှ စတင်၍ စာတိုက်ဝန်ဆောင်ခ ယူပြီးဆောင်ရွက်လျက်ရှိပါသည်။
  မြန်မာ့စာတိုက်လုပ်ငန်း၊ တိုင်းဒေသကြီး/ပြည်နယ် စာတိုက်ရုံးအသီးသီးတွင် Internet  Link ဖြင့် ဖုန်းငွေဖြည့်ကဒ် CDMA-450 /  CDMA-800 / GSM / W-CDMA / MEC(800) များအား ဝန်ဆောင်ခယူ၍ ရောင်းချပေးလျက်ရှိပါသည်။

 

 

 

Office Address and Location Map
Location Map: