Follow Us

ဘုတ်ပြင်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) လျှောက်ထားဆောင်ရွက်နိုင်ရေးကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

Mon, 07/29/2019 - 20:37

ဇူလိုင် ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဘုတ်ပြင်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) လျှောက်ထားဆောင်ရွက် နိုင်ရေးကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဦးကျော်မင်း က အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက အကြံပြုဆွေးနွေးတင်ပြ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်း တင်ပြခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က နိဂုံးချုပ် အမှာစကားပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားကို နေ့လယ် ၁၂ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါ သည်။

          ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း သည် ဘုတ်ပြင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့် သီးခြားတွေ့ဆုံပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) လျှောက် ထားဆောင်ရွက်မှုကိစ္စရပ်များနှင့်ပတ်သက်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မြန်ဆန်ဆန် ထုတ်ပေးနိုင်ရေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။