Follow Us

အများပြည်သူသိရှိလိုက်နာနိုင်ရန် ရာသီတုပ်ကွေးအကြောင်းသိကောင်းစရာများ အသိပေးထုတ်ပြန်ခြင်း

Fri, 07/26/2019 - 23:31

ရာသီတုပ်ကွေးရောဂါသည် Influenza virusပိုးကြောင့် ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်ခုဖြစ်ပြီး လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ပါသည်။ ရာသီတုပ်ကွေးရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုးအမျိုးအစား (၃) မျိုး (Type A,B,C)  ရှိပါသည်။ Seasonal Influenza Virus Type A၏ အမျိုး အစားခွဲများဖြစ်သည့် Subtype A(H1N1)pdm09 နှင့် A(H3N2)အပါအဝင် ရာသီတုပ်ကွေးရောဂါပိုး များကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၌ လူများတွင် ရာသီတုပ်ကွေးရောဂါ နှစ်စဉ်ဖြစ်ပွား လျက်ရှိပါသည်။ ဇူလိုင်လမှစက်တင်လာလအထိ မိုးကာလများသည် မြန်မာနိုင်ငံအတွက် တုပ်ကွေးအဖြစ် များသော ရာသီချိန်ဖြစ်ပါသည်။

တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ခြင်းသင်တန်း(၁၈.၆.၂၀၁၉)ရက်နေ့မှ(၂၀.၆.၂၀၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများနှင့် ကျန်းမာရေးဆေးပေးခန်းများတွင် လူထုအတွင်းတုပ်ကွေးဆန် သော ရောဂါလက္ခဏာများဖြစ်ပွားမှုနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်ပွားမှုစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ အား အားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။ ဆေးရုံကြီးများတွင် သီးသန့်လူနာဆောင်များထားရှိခြင်း၊ ဆေးရုံ များတွင် သီးခြားအခန်းများ ပြင်ဆင်ထားရှိခြင်းနှင့် ဆေးဝါးကုသမှုပေးနိုင်ရေးအတွက် ပြင်ဆင်ထားရှိပါ သည်။ ရာသီတုပ်ကွေးရောဂါသံသယလူနာများအား ကနဉီး စမ်းသပ်စစ်ဆေးရန်အတွက် test kit များကို လည်း ဖြန့်ဖြူးထားရှိပါသည်။

          ရာသီတုပ်ကွေးရောဂါသည် အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်နိုင်ပါသည်။ ရောဂါပိုးရှိသူမှ နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့ကြောင့် ထွက်လာသော အစက်အမှုန်များသည် (၆)ပေခန့်အထိ ပျံ့နှံ့နိုင်ပါ သည်။ အခြားသူတစ်ဦးဦးက ၎င်းအစက်အမှုန်များကို တိုက်ရိုက်ရှူသွင်းမိရာမှလည်းကောင်း၊ ၎င်းအစက် အမှုန်များ ကပ်ငြိနေသော အရာဝတ္ထုများကို ထိတွေ့ကိုင်တွယ်မိသော လက်ဖြင့် မိမိ၏ နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံးတို့ကို ပြန်လည်ထိတွေ့ကိုင်တွယ်မိခြင်းမှ တဆင့် လည်းကောင်း ရောဂါကူးစက်ခံရနိုင်ပါသည်။

          ရောဂါပိုးစတင်ကူးစက်ခံရသည့်အချိန်မှစတင်၍ (၁)ရက်မှ (၄)ရက်ခန့်အကြာတွင် ရောဂါလက္ခဏာ များ စတင်ပေါ်ပေါက်လာနိုင်ပါသည်။ရောဂါလက္ခဏာများအနေဖြင့် ဖျားခြင်း(အပူချိန် ၃၈ ဒီဂရီစင် တီဂရိတ် နှင့်အထက်)၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက် ကိုက်ခဲ ခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းဖြစ်ပေါ်တတ်ပြီး ရောဂါပြင်းထန်ပါက အဖျားကြီးလွန်းခြင်း၊ ချောင်းအလွန် ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသက်ရှူနှုန်းမြန်ဆန်ခြင်း၊ ဂနာမငြိမ် ဖြစ်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ရောဂါလက္ခဏာမပြမီ(၁)ရက်မှစတင်၍ ရောဂါလက္ခဏာ စတင် ခံစားရပြီးနောက် (၇)ရက်အထိ အခြားလူများသို့ ရောဂါကူးစက် ပြန့်ပွားစေနိုင်ပါသည်။

          အသက်(၅)နှစ်အောက်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၆၅)နှစ်အထက် အသက် ကြီးသူများ၊ နာတာရှည်ရောဂါရှိသူများ၊ ခုခံအားကျဆင်းမှုရှိသူများတွင် ရောဂါပိုမိုပြင်းထန်ပြီး နောက်ဆက် တွဲ ပြင်းထန်အဆုတ်ရောင်နမိုးနီးယားရောဂါ ဖြစ်ပွားနိုင်ချေ ပိုမိုမြင့်မားပါသည်။ အချို့လူများတွင် နှစ်ပတ် နှင့် အထက် ချောင်းဆိုးတတ်ပြီး ရောဂါကူးစက်ခံရသူအများစုမှာ ရောဂါပြင်းထန်မှုမရှိ၊ ကုသမှုခံယူရန်မလိုဘဲ တစ်ပတ်အတွင်း သက်သာပျောက်ကင်းတတ်ပါသည်။ ရောဂါဖြစ်ပွားသူများအနက် (၁) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းခန့်သော လူနာများသာ ဆေးရုံတက်ရောက်ကုသမှုခံယူရန်လိုအပ်ပါသည်။ အဆိုပါ ဆေးရုံတက် ရောက်မှုခံယူရသူများအနက် (၂) ရာခိုင်နှုန်းမှ (၉)ရာခိုင်နှုန်းအထိ သေဆုံးနိုင်ကြောင်း လေ့လာမှုများအရ သိရှိ ရပါသည်။

ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ရန် အောက်ပါအချက်များအား လိုက်နာဆောင်ရွက်သင့်ပါသည်။

လက်ကို ဆပ်ပြာနှင့် ရေများများသုံး၍ မကြာခဏဆေးကြောခြင်း၊
နှာချေ၊ ချောင်းဆိုးဖြစ်သူတိုင်း -

တစ်ရှူး သို့မဟုတ် အဝတ်စ သို့မဟုတ် လက်ကိုင်ပဝါဖြင့် ဖုံးအုပ်၍ နှာချေခြင်း၊ ချောင်း ဆိုးခြင်း၊
လက်မောင်း၊ တံတောင်ဖြင့် ဖုံးအုပ်၍ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊
နှာခေါင်းနှင့် ပါးစပ်ကို လုံအောင်ဖုံးအုပ်သည့် ပါးစပ်နှာခေါင်းစည်းကို အသုံးပြုခြင်း၊

တုပ်ကွေးရောဂါလက္ခဏာများ စတင်ခံစားရသည့်အချိန်မှစတင်၍ အဖျားရောဂါလက္ခဏာလုံးဝ ပျောက်ကင်းပြီးနောက် (၁)ရက်ကျော်သည်အထိ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနသို့သွားရောက် သည်မှအပ လူထူထပ်သော နေရာနှင့် ပွဲလမ်းသဘင်များကို ရှောင်ကြဉ်ခြင်း၊
အာဟာရပြည့်ဝသည့် အစားအစာများကို စားသုံးခြင်း၊
ကောင်းစွာအိပ်စက်အနားယူခြင်း၊
ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း၊