Follow Us

လောင်းလုံးမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) လျှောက်ထားဆောင်ရွက်နိုင်ရေးကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

Thu, 07/25/2019 - 01:11

ယနေ့ နံနက် ၉ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လောင်းလုံးမြို့နယ်တွင် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) လျှောက်ထားဆောင်ရွက်နိုင်ရေး ကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီး ဌာနအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအား အရင်း အမြစ်ဝန်ကြီး ဦးကျော်မင်း က အမှာစကားပြောကြားရာ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနသည် နိုင်ငံသားတိုင်းအားလုံးနှင့် သက်ဆိုင်ပါကြောင်း၊ ပြည်သူကို ဝန်ဆောင်မှုပေး ရာတွင် အဓိကအခန်းကဏ္ဍ၌ ပါဝင်နေသဖြင့် ပြည်သူကို မေတ္တာ၊ စေတနာထား၍ ဥပဒေဘောင် အတွင်းမှ အပြည့်အဝဝန်ဆောင်မှုပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိအောင် ဆောင်ရွက်ပေးနိုင်ရန် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့်အညီ အချိန်မဆွဲဘဲ ပြုလုပ်ပေးသွားရန်လိုအပ်ပါကြောင်း၊ အချိန်ဆွဲပြီး လုပ်ဆောင်နေခြင်းများ သိရှိရသည့်အတွက် နောက်နောင်ပြုလုပ်ပါက ဥပဒေနှင့်အညီ အရေး ယူသွားမည်ဖြစ်ပါကြောင်း၊ မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် ပြည်သူများ နှင့် အနီးကပ်ဆုံးရှိနေသဖြင့် မိမိတို့ဒေသအတွင်းနေထိုင်သည့် ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆) ရရှိနိုင်ရေးအတွက် လိုအပ်သည့်အခြေခံအချက်အလက်များကို ပြည်သူများ  သိရှိ အောင် ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဆိုင်ရာဦးစီးဌာနအနေဖြင့်လည်း ဌာန၏လုပ်ဆောင်ချက်များကို ပြည်သူများသိရှိအောင် တွေ့ဆုံ ပွဲများပြုလုပ်ပြီး ချပြရှင်းလင်းရန် လိုအပ်ပါကြောင်း၊ အလုပ်သမားကိစ္စရပ်နှင့်ပတ်သက်ပြီး မြို့နယ် အတွင်းရှိသည့် လူဦးရေစာရင်းကောက်ယူရာတွင် အလုပ်လက်မဲ့များစာရင်းကောက်ယူပြီး အလုပ် သမားညွှန်ကြားမှုဦးစီးဌာန၌ အလုပ်သမားမှတ်ပုံတင်ပြုလုပ်ထားရန် လိုအပ်ပါကြောင်း၊ လူစွမ်းအား အရင်းအမြစ်နှင့်ပတ်သက်ပြီး ကဏ္ဍအလိုက် ကျွမ်းကျင်လုပ်သားများရရှိနိုင်စေရန် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများက အကြံပြုဆွေးနွေးတင်ပြကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးကျော်မင်း က နိဂုံးချုပ်အမှာစကားပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားကို နံနက် ၁၁ နာရီခွဲ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

          ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း သည် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့် သီးခြားတွေ့ ဆုံပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) လျှောက်ထားဆောင် ရွက်မှုကိစ္စရပ်များနှင့်ပတ်သက်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မြန်ဆန်ဆန် ထုတ်ပေး နိုင်ရေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။