Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း လှည့်လည်ကြည့်ရှုစစ်ဆေး

Tue, 07/23/2019 - 23:47

ယနေ့ နံနက်(၇)နာရီ (၂၀)မိနစ်အချိန်တွင်  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တို့သည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့သို့ ရောက်ရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးဝင်းအတွင်း RC(၃)ထပ် အဆောက်အဦ(၁)ဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် သရက်ချောင်း (အ.ထ.က)ကျောင်းတွင် RC(၂)ထပ် စာသင်ဆောင် (၁)ဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ ဆက်လက်ထွက်ခွာလာရာ ဆင်ကျန်းကျေးရွာမူလတန်းလွန်ကျောင်းသို့ ရောက်ရှိပြီး RC(၂)ထပ် စာသင်ဆောင်(၁)ဆောင် ဆောက် လုပ်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၉)နာရီအချိန်တွင် စုံစင် ကျေးရွာသို့ ရောက်ရှိ၍ စုံစင်-ရေချိုချောင်း-ဂုံညှင်းဆိပ်လမ်းအား မြေသားလမ်းချဲ့ခြင်း၊ ကွန်ကရစ် ခင်းခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့်  ဂုံညှင်းဆိပ် (အ.လ.က) ကျောင်း RC (၁)ထပ် စာသင် ဆောင်(၁)ဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး  ပြန်လည်ထွက်ခွာ လာရာ ကနက်သီရိကျေးရွာသို့ရောက်ရှိပြီး (အ.မ.က)ပိန္နဲကျွန်း ကျောင်းတွင် RC (၂)ထပ် စာသင် ဆောင်(၁)ဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် ပင်လယ်လှိုင်းကာကျောက်တန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။    

          ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လယ်(၁၂)နာရီခွဲအချိန် တွင် အောက်သရက်ချောင်းကျေးရွာသို့ ရောက်ရှိပြီး အောက်သရက်ချောင်း (အ.လ.က) ကျောင်းတွင် ဝန်ထမ်းအိမ်ရာ (၁)ထပ်ဆောင် (၁)ဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် အောက်သရက်ချောင်း- သရက်တောင်ကြီး ကျေးရွာချင်းဆက်လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား ဆောက်လုပ်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြန်လည်ထွက်ခွာလာရာ ကျောက်ဆည်- ပအော့အနောက် ကျေးရွာချင်းဆက်လမ်းသို့ ရောက်ရှိ၍ ကျောက်ခင်းလမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ပအော့ အရှေ့-ပအော့အ‌နောက် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား ဆောက်လုပ်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် က လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ခွင့်ပြုဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။