Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တတိယ(၁)နှစ်တာကာလ လုပ်ငန်းဆောင်ရွက်ချက်များ နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

Tue, 07/23/2019 - 18:07

(၂၂-၇-၂၀၁၉) ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏  တတိယ(၁)နှစ်တာကာလ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော သတင်းမီဒီယာများ  တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က အမှာစကားပြောကြား ရာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၆ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် လုပ်ငန်းတာဝန်များ စတင်တာဝန်ယူပြီးနောက် တိုင်းဒေသကြီးတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကုမ္ပဏီများမှ လုပ်ကိုင် ဆောင်ရွက်နိုင်ခြင်းမရှိသည့်မြေယာများကို ဒေသခံတောင်သူများအား ဥပဒေနှင့်အညီ ပြန်လည် ပေးအပ်လုပ်ကိုင်စေရေး၊ ဒေသအတွင်းခရီသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ရေထွက်ပစ္စည်း များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး၊ တိုင်းဒေသကြီး အတွင်း သယံဇာတများ ထုတ်ယူရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု နည်းသည့်စနစ်များ လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုနိုင်ရေး၊ ပြည်သူများ၏ ဒေသအတွင်း လုံခြုံရေးနှင့် တရားဥပဒေအရ အကာအကွယ် ပေးမှုများ အပြည့်အဝရရှိရေး၊ တိုင်းဒေသကြီးအတွင်း  မဟာဓာတ်အားလိုင်းများ သတ်မှတ်ကာလတွင် ရောက်ရှိနိုင်ရေးအတွက် တင်ပြညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းများ တည်ငြိမ်၍မှန်ကန်သော ဈေးနှုန်းရရှိနိုင်ရေး စသည့် ရည်မှန်းချက်များချမှတ်ကာ  အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်ချက် များနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ရှင်းလင်း တင်ပြသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တစ်မျိုးသားလုံး၏ ရန်သူဖြစ်သော မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၉ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့်  အမှုပေါင်း ၂၁၄၃ မှု ဖမ်းဆီးအရေးယူဖော်ထုတ် နိုင်ခဲ့ပြီး မူးယစ်ဆေးဝါများအနေဖြင့် WY ဆေးပြား ၂၃၄၀၅၀၅ ပြား၊ ဘိန်းစာမှုန့် ၃၈၉၉ ဒသမ ၃၂၉၆ ကီလိုဂရမ်၊ ICE ဆေးပြား ၉၄၈ ဒသမ ၇၁၃၅၉ ကီလိုဂရမ်၊ ဘိန်းစာရွက်အစို ၁၇ ဒသမ ၆၅၉၃ ကီလိုဂရမ်၊ ဘိန်းဖြူ ၀ ဒသမ ၀၁၀၈ ကီလိုဂရမ်၊ ဆေးခြောက် ၀ ဒသမ ၃၇၆၇၃၃ ကီလိုဂရမ်၊ ဘိန်းစာရွက် ၃ ဒသမ ၂ ကီလိုဂရမ် စုစုပေါင်းတန်းဖိုးငွေ ကျပ်သန်းပေါင်း ၃၆၈၉၅ ဒသမ ၀၇၉ သန်းနှင့် တရားခံစုစုပေါင်း ၃၆၇၇ ဦး ဖမ်းဆီး အရေးယူနိုင်ခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးအထူးဖမ်းဆီးရမိမှု အနေဖြင့် ၂၀၁၉ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် တပ်မတော်(ရေ) စစ်ရေယာဉ်အမှတ် (၅၆၇) မှ ROE BANK အနောက် ၆၆ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် အောင်ပြည့်စုံ(၁) စက်လှေပေါ်တွင် ICE ဟု ယူဆရသည့် အထုပ် ၁၂၃၈ ထုပ် အလေးချိန် ၁၂၃၈ ကီလိုဂရမ်ခန့် တန်ဖိုးငွေကျပ်သန်းပေါင်း ၂၄၇၆၀၀ ရှိ မူးယစ်ဆေးဝါးများအား တရားခံ ၈ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေကျပ်သန်း ၃၆၉၉၀ ဒသမ ၆၈၆၇ သန်း ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၃၅၁ ခုကိုလည်းကောင်း၊ ပြည်ထောင်စုရန်ပုံငွေကျပ် ၁၀၈၁၈ ဒသမ ၇၉၄၅ သန်းဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ၁၇၉ ခုကိုလည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ မြေအသုံးချမှုအနေဖြင့် စုစုပေါင်းစိုက်ပျိုးမြေဧရိယာ ၁၀၉၂၃၃၁ ဧက၊ လှပ်မြေစုစုပေါင်း ၃၇၆၁၂ ဧက၊ မြေရိုင်း ၆၄၀၀၇၄ ဧက ၊ တောရိုင်း ၂၉၁၇၄၂၃ ဧက၊ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော ၃၃၉၂၇၉၅ ဧက၊ စိုက်ပျိုးခြင်း မပြုနိုင်သောမြေ ၂၆၃၀၅၂၂ ဧက၊ စုစုပေါင်းမြေဧရိယာ ၁၀၇၁၀၇၅၇ ဧကရှိပါကြောင်း၊ ၂၀၁၈- ၂၀၁၉ ခုနှစ် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၂၃၀၇၅၁ ဧက စိုက်ပျိုးခဲ့ရာ တင်းပေါင်း ၁၆၀၇၂၄၈၃ တင်း၊ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၁၁၂၄၇ ဧကစိုက်ပျိုးခဲ့ရာ ၇၄၃၈၄၆ တင်း ထွက်ရှိခဲ့ပြီး ဆောင်းသီး နှံ စိုက်ပျိုးနိုင်မှုအနေဖြင့် ၂၁၇၉၃ ဧက စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ စိုက်ပျိုးပြီး ၃၄၈၃၃၄ ဧကပေါ်တွင် အစေးလှီးဧက ၁၅၆၂၂၆ ဧကရှိရာ စုစုပေါင်း ၈၅၃၆၅၁၈၆ ပေါင် ထွက်ရှိခဲ့ပြီး ဆီအုန်းစိုက်ပျိုး ထုတ်လုပ်မှုအနေဖြင့် စိုက်ဧက ၃၉၈၉၀၈ ဧကအပေါ်တွင် အသီးခူးဧက ၁၄၅၁၆၀ ဧကရှိပြီး စုစုပေါင်း ၂၈၄၉၂၁ တန် ထွက်ရှိခဲ့ပါကြောင်း၊ ငါး/ပုစွန်မွေးမြူထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ၂၇၆ ဒသမ ၁၅ဧကပေါ်တွင် ကုန်ချိန် ၈၂၉ ဒသမ ၃၅၀ တန်၊ မေရိကန်ဒေါ်လာ ၅ ဒသမ ၀၃၅ သန်း တင်ပို့နိုင်ခဲ့ပြီး ငါး/ပုစွန် ရေထွက်ပစ္စည်းတင်ပို့နိုင်မှုအနေဖြင့် ကုန်ချိန် ၁၉၂၅၄၄ ဒသမ ၃၅၇ တန်၊ အမေရိကန်ဒေါ်လာ ၁၆၉ ဒသမ ၈၄၈ သန်း ၊ မြန်မာငွေကျပ် ၆၉၈၁  ဒသမ ၅၀၃ သန်း ရရှိခဲ့ပြီး အအေးခန်းစက်ရုံများမှ ကုန်ချောထုတ်လုပ်တင်ပို့ရောင်းချနိုင်မှုမှာ ကုန်ချိန် ၁၇၀၅ ဒသမ ၄၇ သန်း၊ အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၆၀၅ သန်း တင်ပို့နိုင်ခဲ့ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍ အနေဖြင့် ထားဝယ်ခရိုင်တွင် ၅၇၇၇၉၃၆ ယူနစ်၊ မြိတ်ခရိုင်တွင် ၃၅၂၂၄၆၁ ယူနစ်၊ ကော့သောင်းခရိုင် တွင်  ၁၄၈၆၉၀၉ ယူနစ် ထုတ်လုပ်ပေးနိုင်ခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် လျှပ်စစ်စွမ်း အား အကူမီးလင်းရေးအဖွဲ့များ၊ ဒေသခံလုပ်ငန်းရှင်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေး လျက်ရှိရာ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ထားဝယ်ခရိုင်အတွင်း 33 kv ဓာတ်အားလိုင်း ၇၇ ဒသမ ၃၅ မိုင်၊ တစ်တိုင်းလုံးအနေဖြင့် 11 kv ဓာတ်အားလိုင်း ၄၇၃ ဒသမ ၀၃ မိုင်၊ 0.4 kv ဓာတ်အားလိုင်း ၅၂၆ ဒသမ ၃ မိုင်၊ 66/33 kv ဓာတ်အားခွဲရုံ ၁ ရုံ ၊ 33/11kv ဓာတ်အားခွဲရုံ ၄ ရုံ ၊ 11/0.4 kv ဓာတ်အားခွဲရုံ ၃၉၂ ရုံ၊ 0.4/11kv ဓာတ်အားခွဲရုံ ၁၃ ရုံ တို့ကို တည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

          ယင်းနောက် လမ်းဦးစီးဌာန၏ မြို့ပြလမ်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုအနေဖြင့် ပြည် ထောင်စုလမ်းမကြီး ၆၃၁ မိုင် ၃ ဖာလုံနှင့် တိုင်းဒေသကြီးလမ်း ၄၄၈ မိုင် ၁ ဒသမ ၅ ဖာလုံ၊ စုစုပေါင်း မိုင်အရှည် ၁၀၇၉ မိုင် ၄ ဒသမ ၅ ဖာလုံ ဖြစ်ရာ နိုင်လွန်ကတ္တရာလမ်း ၁၂၃ မိုင် ၇ ဖာလုံ၊ ကွန်ကရစ်လမ်း ၅၃ မိုင် ၂ ဒသမ ၆ ဖာလုံ၊ ကတ္တရာလမ်း ၆၂၉ မိုင် ၄ ဒသမ ၉ ဖာလုံ၊ ကျောက်လမ်း ၆၂ မိုင် ၅ ဖာလုံ၊ အမာခံလမ်း ၄၂ မိုင်နှင့် မြေလမ်း ၁၆၈ မိုင် ၁ ဖာလုံ၊ စုစုပေါင်း ၁၀၇၉ မိုင် ၄ ဒသမ ၅ ဖာလုံ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး တံတားလုပ်ငန်းအနေဖြင့် ပေ ၅၀ အောက် တံတား ၂၀၀ စင်း၊ ပေ ၅၀ မှ ပေ ၁၀၀ အောက် တံတား ၁၆ စင်း၊  ပေ ၁၀၀ မှ ပေ ၁၈၀ အောက် တံတား ၉ စင်း၊ ပေ ၁၈၀ နှင့်အထက် တံတား ၇ စင်း၊ တံတားစုစုပေါင်း(၂၃၂)စင်းနှင့် ရေပြွန်နှင့် ပိုက် စုစုပေါင်း ၇၇၉ စင်း အကောင်    အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ကျေးလက်လုပ်ငန်း များဆောင်ရွက်ပေးနိုင်မှုအနေဖြင့် ပြည်ထောင်စု/ တိုင်းဒေသကြီး ရန်ပုံငွေများဖြင့် ကွန်ကရစ်လမ်း ၄၈ မိုင်ကျော်၊ ကတ္တရာလမ်း ၃ မိုင်ကျော်၊ ကျောက်လမ်း ၆ မိုင်ကျော်၊ အမာခံလမ်း ၆၃ မိုင်ကျော်၊ မြေသားလမ်း ၁၂၁ မိုင်ကျော် ဖောက်လုပ် ပေးနိုင်ခဲ့ပြီး ကျေးလက်တံတား လုပ်ငန်းများအနေဖြင့် ၁၀ ပေ မှ ပေ ၅၀ အထိ တံတား ၇၈ စင်း၊ ပေ ၅၀ မှ ပေ ၁၈၀ ထိ တံတား ၁၇ စင်း နှင့် Box Culvert ရေပြွန် ၂၆၃ စင်း၊ စုစုပေါင်း ၃၅၈ စင်းအား ဆောက်လုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရာသီမရွေးသွားလာနိုင် သောလမ်း ၈၄၃ မိုင် ၃ ဒသမ ၆၈ ဖာလုံကို တိုးချဲ့ဖောက်လုပ်ပေးနိုင်ခဲ့ပါကြောင်း၊ စည်ပင်သာယာရေးအဖွဲ့၏ မြို့ပြလုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် ကွန်ကရစ်လမ်း ၉၁ မိုင် ၅ ဒသမ ၁၃ ဖာလုံ၊ ကတ္တရာ လမ်း ၂၀ မိုင် ၁ ဒသမ ၂၁ ဖာလုံ၊ ကျောက်လမ်း ၃ မိုင် ၇ ဒသမ ၃ ဖာလုံ၊ မြေသားလမ်း ၈ မိုင် ၄ ဒသမ ၉၂ ဖာလုံ၊ ကတ္တရာလမ်းပေါက်ဖာ ၁ မိုင် ၂ ဒသမ ၂၄ ဖာလုံ၊ ဂဝံလမ်း ၃ ဒသမ ၀၉ ဖာလုံ၊ စုစုပေါင်း ၁၂၅ မိုင် ၇ ဒသမ ၈၉ ဖာလုံအား ရန်ပုံငွေကျပ် ၁၅၁၃၅ ဒသမ ၂၅၅၃ သန်းဖြင့်လည်းကောင်း၊ မြို့ပြ တံတားလုပ်ငန်းများ ဆောင်ရွက်မှု အနေဖြင့် ကွန်ကရစ်တံတား ၄၅၃ စင်း၊ သစ်သားတံတား ၃ စင်း၊ ရေပြွန် ၁၁ ခု၊ သံတံတား ၄ စင်း၊ စုစုပေါင်း ၄၇၁ ခုအား ရန်ပုံငွေကျပ် ၁၄၈၂ ဒသမ ၂၅၉၇၅ သန်းဖြင့် လည်းကောင်း၊ မြို့ပြရေပေးရေးလုပ်ငန်းများအနေဖြင့် လက်တူးတွင်း ၂ တွင်း၊ တွင်းအနက် ၃ တွင်း၊ အခြား ၄၈ ခု၊ စုစုပေါင်း ၅၃ ခု အား ရန်ပုံငွေကျပ် ၂၇၁ ဒသမ ၂၃ သန်းဖြင့် လည်းကောင်း ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်းပြောကြားပါသည်။

          ထို့နောက် အခွန်အရပ်ရပ် ကောက်ခံရရှိမှုအနေဖြင့် ၂၀၁၉ ခုနှစ် ၊ မတ်လ ၃၁ ရက်နေ့အထိ မြန်မာငွေကျပ် ၁၅၄၈၈၃ ဒသမ ၁၃၅ သန်း၊ ထိုင်းဘတ်ငွေ ၁၀၃ ဒသမ ၁၇၁ သန်း၊ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၉၇ သန်း ကောက်ခံရရှိပြီး ကုန်သွယ်ရေးစခန်းအလိုက် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု အနေဖြင့် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှုပမာဏ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၉၁ ဒသမ ၈၉၇ သန်း၊ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှု ပမာဏတန်ဖိုး အမေရိကန် ဒေါ်လာ ၂၈ ဒသမ ၄၈၉ သန်း၊ မြိတ်ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန် ဒေါ်လာ ၇၁၁ ဒသမ ၂၁၉ သန်း၊ ကော့သောင်းကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၅၂၅ ဒသမ ၇၃၅ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇၅၇ ဒသမ ၃၄၀ သန်း ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP) အနေဖြင့် ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် လူတစ်ဦးချင်းဝင်ငွေကျပ် ၂၆၅၅၈၄၁ ရရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် လူတစ်ဦးချင်းဝင်ငွေကျပ် ၂၉၄၁၂၂၅ ရရှိရန် ရည်မှန်းထားရှိပါကြောင်းပြောကြား ပါသည်။

          ဆက်လက်၍ ကျောင်းများအဆင့်တိုးမြှင့်မှုအနေဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အထက်တန်းကျောင်း ၂၁ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၂၉ ကျောင်း၊ အလယ်တန်းကျောင်း ၆၅ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၇၇ ကျောင်း၊ မူလတန်းလွန်ကျောင်း ၈၁ ကျောင်း၊ မူလတန်းကျောင်း ၅၉ ကျောင်း၊ မူလတန်းကျောင်းခွဲ ၃၈ ကျောင်း၊ စုစုပေါင်း ၃၇၀ ကျောင်းအား အဆင့်တိုးမြှင့် ဖွင့်လှစ် ပေးနိုင်ခဲ့ပါကြောင်း၊          ကျန်းမာရေးကဏ္ဍအနေဖြင့် (၁၆) ကုတင်ဆံ့ တိုက်နယ်ဆေးရုံ ၄ ရုံ၊ ၅ ထပ် လူနာဆောင် ၁ဆောင်၊ တိုးချဲ့ RC ၂ ထပ် လူနာဆောင် ၇ ဆောင်၊ တိုးချဲ့ RC ၁ ထပ် လူနာဆောင် ၁ ဆောင်၊ CT Scan အဆောက်အဦ ၁ ဆောင်၊ဆေးသိုလှောင်ရုံ RC ၁ ထပ် ၁ ဆောင်၊ ဓာတ်မှန်ဆောင် RC ၁ ထပ် ၁ ဆောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်း လေဘေး (၅၀)ကြိမ်၊ မီးဘေး(၆၃) ကြိမ်၊ ရေဘေး (၁၇) ကြိမ်၊ မြေပြိုဘေး (၁၅) ကြိမ်၊ စက်လှေနစ်မြှုပ် (၁) ကြိမ်နှင့် မိုးကြိုးဘေး (၁၉) ကြိမ် ဖြစ်ပွားခဲ့ပြီး ဘေးသင့်ပြည်သူများအတွက် ငွေကျပ် ၁၅၁၄၆၀၃၁၁ ကို ထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ခဲ့သလို တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၅၇၈၂ ဒသမ ၃၇ သန်းဖြင့် ကျောက်စီမြေထိန်းနံရံ ၁၅ ခုအား တည်ဆောက် ပေးနိုင်ခဲ့ပါသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟို ကော်မတီမှ လွှဲပြောင်းပေးပို့ စိစစ်စေသော အမှုတွဲ ၁၁၅ မှုအနက် ဗဟိုကော်မတီသို့ စိစစ်တင်ပြခဲ့သည့် အမှုတွဲ ၆၅ မှုဖြစ်ရာ ပိတ်သိမ်းနိုင်ခဲ့သည့် အမှုတွဲ ၄၀ မှု၊ အမှုတွဲပိတ်သိမ်းနိုင်ရေး ဗဟိုကော်မတီသို့ တင်ပြထားဆဲ အမှုတွဲ ၂၅ မှု ဖြစ်ပြီး ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း ရှိ/ မရှိ သက်ဆိုင်ရာဝန်ကြီးဌာနသို့  သဘောထားတောင်းခံထားသည့် အမှုတွဲ ၁၆ မှုနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ကော်မတီများတွင် စိစစ်ဆောင်ရွက်ဆဲအမှုတွဲ အရေအတွက်မှာ ၃၄ မှု ဖြစ်ပါကြောင်း၊ သိမ်း ဆည်းမြေများအပေါ်  ပြန်လည်စွန့်လွှတ်မှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်း စွန့်လွှတ်ခဲ့သည့် မြေဧရိယာမှာစုစုပေါင်း ၇၅၇၆ ဒသမ၂၉၈ ဧက ဖြစ်ပြီး စိုက်ပျိုးမြေအဖြစ် ဒေသခံတောင်သူများသို့ ပြန်လည်လွှဲပြောင်းမှု တောင်သူ ၂၉၆ ဦးအား မြေဧရိယာ ၁၇၆၁ ဒသမ ၆၆၅ ဧက၊ စိုက်ပျိုးမြေမဟုတ်သော မြေများအား ဝန်ကြီးဌာနများသို့ လွှဲပြောင်းပေးအပ်မှု အနေဖြင့် မြေဧရိယာ ၅၈၁၄ ဒသမ ၆၃၃ ဧက၊ စုစုပေါင်း စွန့်လွှတ်မြေဧရိယာ ၇၅၇၆ ဒသမ ၂၉၈ ဧကအား ပြန်လည် ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများအနေ ဖြင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၈-၂၀၁၉ခု၊  ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၅၆၉၂ ဒသမ ၆၁၀ သန်းဖြင့် လုပ်ငန်း ၄၇ ခုအား အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိရာ လုပ်ငန်းပြီးစီးမှုအနေဖြင့် ၁၀၀% ဆောင်ရွက်ပြီးသည့် လုပ်ငန်း ၄၁ ခု၊ ၉၀% ဆောင်ရွက် ပြီးသည့် လုပ်ငန်း ၁ ခု၊ ၈၅% ဆောင်ရွက်ပြီးသည့် လုပ်ငန်း ၂ ခုနှင့် ၇၅% ဆောင်ရွက် ပြီးသည့် လုပ်ငန်း ၃ ခု၊ စုစုပေါင်း ၄၇ခု ဖြစ်ပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပါသည်။

          ယင်းနောက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၌ ထားဝယ်ခရိုင်အတွင်း 33 kv ဓာတ်အားလိုင်း ၆ ဒသမ ၆ မိုင်၊  11 kv ဓာတ်အားလိုင်း ၄၉ ဒသမ ၄၄ မိုင်၊ 0.4 kv ဓာတ်အားလိုင်း ၇၅ ဒသမ ၉၁ မိုင်၊ 0.4/11kv ဓာတ်အားခွဲရုံ ၁ ရုံ၊  11/0.4 kv ဓာတ်အားခွဲရုံ ၄၈ ရုံ၊ မြိတ်ခရိုင်အတွင်း 11kv ဓာတ်အားလိုင်း ၁၇ ဒသမ ၅၃ မိုင်၊ 0.4 kv ဓာတ်အားလိုင်း ၅၄ ဒသမ ၅၄ မိုင်၊ 11/0.4 kv ဓာတ်အားခွဲရုံ ၁၂ ရုံ၊ ကော့သောင်းခရိုင်အတွင်း11kv ဓာတ်အားလိုင်း ၇ ဒသမ ၅ မိုင်၊  0.4 kv ဓာတ်အားလိုင်း ၂၀ ဒသမ ၇၅ မိုင်၊ 11/0.4 kv ဓာတ်အားခွဲရုံ ၁၄ရုံအား ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊  လမ်းတံတားအနေဖြင့် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် အမြဲတမ်း သံကူ ကွန်ကရစ် တံတားအကြီး၊ အငယ်စုစုပေါင်း Box Culvert အပါအဝင် ၁၂၃ စင်း ဆောက်လုပ်ရန်နှင့် ပေ ၅၀ အောက် တံတား ၁၉ စင်း၊ ပေ ၅၀နှင့် ပေ၁၀၀ အကြား ၅စင်း၊ ပေ ၁၈၀ နှင့်အထက် ၆ စင်းနှင့် Box Culvert ၉၃စင်း တည်ဆောက်ခြင်း၊ လမ်းများအနေဖြင့် AC ခင်းခြင်း ၁၁ ဒသမ ၈ ကီလိုမီတာ၊ ၇ ဒသမ ၃၁ မီတာ အကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁၁ ဒသမ ၅ ကီလိုမီတာ၊ ကွန်ကရစ်လမ်း ထပ်ပိုးလွှာ ခင်းခြင်း ၇ ကီလိုမီတာ၊ ၅ ဒသမ ၄၉ မီတာမှ ၇ ဒသမ ၃၁ မီတာအကျယ် ကတ္တရာလမ်းချဲ့ခြင်း ၁၅ ဒသမ ၀၉ ကီလိုမီတာ၊ ကွန်ကရစ်လမ်းခင်းခြင်း ၆ ဒသမ ၈၄ ကီလိုမီတာ၊ ၃ ဒသမ ၆၆ မီတာမှ ၅ ဒသမ ၄၉ မီတာအကျယ် ကတ္တရာလမ်းချဲ့ခြင်း ၃ ဒသမ ၄၁ ကီလိုမီတာ၊ ၇ ဒသမ ၃၁မီတာအကျယ် ကတ္တရာ လမ်းအသစ်ခင်းခြင်း ၄ ဒသမ ၄ ကီလိုမီတာ စသည့်လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု  ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း ၆၆ မိုင်ကျော်၊ ကတ္တရာလမ်း ၂မိုင် ကျော်၊ ကျောက်လမ်း ၃၄ မိုင်ကျော်၊ မြေသားလမ်း ၁၃၆ မိုင်ကျော်၊ ပေ ၅၀ အောက် တံတား ၅၅ စင်း၊ ပေ ၅၀ မှ ပေ ၁၈၀နှင့် အထက် တံတား ၂၁ စင်း၊ ၅ပေ Box Culvert ၁၄၆ စင်း၊ စုစုပေါင်း လမ်းအရှည် ၂၃၈ မိုင်ကျော်နှင့် တံတားစုစုပေါင်း ၂၂၂ စင်းအတွက် ရန်ပုံငွေကျပ် ၄၀၂၀၁ သန်းဖြင့် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့့်် ၂၀၁၉-၂၀၂၀ ခု  ဘဏ္ဍာရေးနှစ်တွင် အထက်တန်းကျောင်း ၁၉ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၂၀ ကျောင်း၊ အလယ်တန်းကျောင်း ၃၈ ကျောင်း၊ အလယ်တန်း ကျောင်းခွဲ ၃၈ ကျောင်း၊ မူလတန်းလွန်ကျောင်း ၂၅ ကျောင်းနှင့်  မူလတန်းကျောင်း ၁၇ကျောင်း၊ မူလတန်းကျောင်းခွဲ ၁၃ ကျောင်း၊ စုစုပေါင်း ၁၇၀ ကျောင်းအား အဆင့်တိုးမြှင့်ဖွင့်လှစ်ပေး နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနသို့ ခွင့်ပြုချက် တောင်းခံထား ပြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍအနေဖြင့် ၂၀၁၉-၂၀၂၀ ခု  ဘဏ္ဍာရေးနှစ်တွင် ခွဲစိတ်ခန်းနှင့် သားဖွားခန်းပါ တိုးချဲ့ ၂ ထပ်ဆောင်  ၁ ဆောင်၊ တိုးချဲ့ ၃ထပ် လူနာဆောင် ၁ ဆောင်၊ တိုးချဲ့ ၂ ထပ် လူနာဆောင် ၁ ဆောင်၊ တိုးချဲ့ ၁ ထပ်ဆောင် ၁ ဆောင်၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ ၂ ရုံ၊ ဆေးသိုလှောင်ရုံ ၁ ရုံတို့အား ရန်ပုံငွေကျပ် ၂၃၁၁ သန်းဖြင့်  ဆောက်လုပ်ပေးနိုင်ရေးအတွက်  ပြည်ထောင်စုဝန်ကြီးဌာနသို့ ခွင့်ပြုချက်တောင်းခံထားပြီးဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အလေ့အထများကို အများပြည်သူတို့ စိတ်ပါဝင်စားလာ စေရန်နှင့် အတူတကွပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး မိုးရာသီကာလအတွင်း အရိပ်လေကာ ပင် ၃ သိန်းအား စိုက်ပျိုးနိုင်ရန် စီမံဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။ တိုင်းဒေသကြီး အတွင်း နေရာအနှံ့ သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပပြုလုပ်ပေးလျက်ရှိပါသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုမရှိဘဲ အလုပ် အကိုင်အခွင့်အလမ်း များ ဖော်ထုတ်ပေးနိုင်ရေးတို့အတွက် မိမိတို့ဒေသသည် ရေခံမြေခံကောင်းများရှိသဖြင့် သဘာဝခရီး သွားလုပ်ငန်းများကို မီးခိုးမထွက်သောစက်ရုံများအဖြစ် တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသည့် နည်းလမ်းများကို အသုံးပြုပြီး ဆောင်ရွက်ကြမည့် သဘာဝခရီးသွားလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများကို နိုင်ငံတော်မှချမှတ်သော မူဝါဒများနှင့်အညီ စီစစ်ပေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော ပံ့ပိုးမှုများမှာ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍနှင့် လျှပ်စစ်မီး ရရှိရေးကဏ္ဍတို့ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍအနေဖြင့် နှစ်စဉ်ရန်ပုံငွေများ လျာထား ဆောင်ရွက်ပေးလျက်ရှိရာ အများပြည်သူ့စိတ်လက်ချမ်းသာစွာ ခရီးသွားလာ နိုင်ပြီဖြစ်သော်လည်း လျှပ်စစ်မီးရရှိရေးကဏ္ဍအနေဖြင့် အမျိုးသားလျှပ်စစ် ရရှိရေးစီမံကိန်း (NEP) ၏ ရည်မှန်းချက်အရ မဟာဓာတ်အားလိုင်းသည် မော်လမြိုင်-ရေး-ထားဝယ်သို့ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွင်း စတင်သွယ်တန်းမည်ဖြစ်ရာ ထားဝယ်ခရိုင်သို့ ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်မှသာ တိုင်း ဒေသကြီးတစ်ခုလုံး မဟာဓာတ်အားလိုင်းဖြင့် လျှပ်စစ်မီးရရှိရန် လျာထား ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားခကို ဈေးနှုန်းကြီးမြင့်စွာ ပေးဆောင်အသုံး ပြုနေရသလို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း နှောင့်နှေးကြန့်ကြာ လျက်ရှိပါကြောင်း၊ ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေမည့် အသေးစား၊ အလတ် စား၊ စက်မှုကဏ္ဍနှင့် စက်မှုဇုန်များ အကောင်အထည်ဖော်မှုကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်ရာတွင်လည်း နှောင့်နှေးကြန့်ကြာမှုများ တွေ့ကြုံနေရသည့်အတွက် အမျိုးသား လျှပ်စစ် ရရှိရေးစီမံကိန်း (NEP)၏ လျှပ်စစ်မီးရရှိရေးကဏ္ဍကို တနင်္သာရီတိုင်းဒေသကြီးအတွက် သတ်မှတ် ကာလထက် ဆောလျင်စွာရရှိနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊  တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှု ကိုခံယူ ကာ ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ အခြား မိတ်ဖက် အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းလျက် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်း ဒေသကြီး/ခရိုင်/မြို့နယ်/ မြို့/ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်အတူ တနင်္သာရီ တိုင်းဒေသကြီးတစ်ခုလုံး ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူလူထု၏အကျိုးစီးပွား တိုး တက်ရေးတို့ကို  တက်ညီလက်ညီ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

          ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တတိယ(၁)နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထို့နောက် သတင်းစာရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်လာကြသော သတင်းမီဒီယာ သမားများ၏ မေးမြန်းချက်အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက သက်ဆိုင် ရာဝန်ကြီးဌာနအလိုက် ပြန်လည်ဖြေကြားခဲ့ပြီး အခမ်းအနားကို နေ့လယ် (၂)နာရီ (၂၅)မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။