Follow Us

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည့် လူဦးရေစာရင်း အချက်အလက်များကောက်ယူပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Fri, 06/28/2019 - 22:29

ယနေ့ နံနက် (၉) နာရီအချိန်တွင် ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည့် လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းဆိုင်ရာလုပ်ငန်း စီမံချက်သင်တန်းဖွင့်ပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိ  ဒုတိယညွှန်ကြားရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများ၊ တိုင်းဒေသကြီးအဆင့်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တက်ရောက်လာသော ခရိုင်အဆင့်လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အလိုက် နည်းပြတာဝန်ထမ်းဆောင်မည့်အရာရှိများ  တက်ရောက်ခဲ့ ကြပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်မှ အဖွင့်အမှာစကားပြောကြား ရာတွင်  ယနေ့ ဖွင့်လှစ်သည့် သင်တန်းအနေဖြင့် (၂၀၂၀)ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် (၂၀၁၉)ခုနှစ်ကို မဲဆန္ဒရှင် စာရင်းပြုစုသည့် နှစ်အဖြစ် သတ်မှတ်ကာ မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ရရှိနိုင်ရေးအတွက်ဖြစ်ပါကြောင်း၊ မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရန် တိကျမှန်ကန်သော စာရင်းရရှိရန် အဓိကအနေဖြင့် လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် စိစစ်ခြင်းအပိုင်းမှာ အဓိကကျသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လုပ်ငန်းစီမံချက်တွင် အပိုင်း(၁)ဖြင့် သတ်မှတ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အဆင့်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ ခရိုင်အဆင့်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊  မြို့နယ်လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု  လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များအားလုံးလည်း သတ်မှတ်ပေးထား ပြီးဖြစ်ပါကြောင်း၊          တနင်္သာရီတိုင်းဒေသကြီးတွင်  ခရိုင်(၃)ခရိုင်၊ မြို့နယ်(၁၀) မြို့နယ်၊ မြို့(၈)မြို့ တို့တွင် ရပ်ကွက်(၉၀)၊ ကျေးရွာအုပ်စု(၂၆၇)အုပ်စု၊ ကျေးရွာပေါင်း(၁၄၂၀)ရွာရှိပြီး၊ (၂၀၁၉)ခုနှစ်၊ မေလစာရင်းအရ အိမ်ထောင်စု(၂၅၉၅၃၅)စုနှင့် လူဦးရေစုစုပေါင်း(၁၄၀၀၀၀၀)ကျော် စာရင်းရှိ ကြောင်း တွေ့ရှိရပါကြောင်း၊ အဆိုပါ အိမ်ထောင်စုများအားလုံး ကျန်ရှိမှု မရှိစေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုမည့်အဖွဲ့ များက စနစ်တကျကောက်ယူသွားရန် အထူးရေးကြီးပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ငန်းစီမံချက်တွင် သင်တန်းသားရွေးချယ်ခြင်းအပိုင်း၌ ခရိုင်အဆင့်လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့များ ပါဝင်မှုမရှိသော်လည်း အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ရာတွင် ခါးပြတ်လပ်မှု မရှိစေရေးအတွက် ခရိုင်အဆင့်အဓိကကျသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ရွေးကောက်ပွဲ ကော်မရှင်အရာရှိများကို ခေါ်ယူရခြင်းဖြစ်ပါ ကြောင်း၊ သင်တန်းနည်းပြများမှ ဆွေးနွေးပို့ချလိုက်သော အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း များနှင့်ပတ်သက်၍  ယခုတက်ရောက်လာသော ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိများမှ မိမိမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ လူဦးရေစာရင်းနှင့် အချက်အလက်များကောက်ယူ ပြုစုမည့် အဖွဲ့များသို့ ဆင့်ပွားသင်တန်းများ ဆက်လက်ပို့ချပေးရမှာဖြစ်ပါကြောင်း၊ လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ ဦးစီး၍ ရပ်ကွက် နှင့် ကျေးရွာအုပ်စုအလိုက် ကောက်ယူပြုစုမည့်လုပ်ငန်းများကို ၂၀၁၉ခုနှစ်၊ ဇွန်လမှ ဩဂုတ်လအထိ (၃)လတာ ကာလအတွင်း ဆောင်ရွက်ရမည်ဖြစ်ပြီး အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းနှင့် စာရင်း ရေးသွင်းခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကောက်ယူပြီးစီး၍ ရပ်ကွက်/ကျေးရွာအုပ်စု အလိုက် လူဦးရေနှင့် အချက်အလက်များအား ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ စာရင်းရေး သွင်းခြင်းလုပ်ငန်းကို ၂၀၁၉ခုနှစ်၊ ဇွန်လမှ စက်တင်ဘာလအထိ လေးလတာကာလအတွင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသော စီမံချက်စာအုပ်ပါ နောက်ဆက်တွဲ(က)၊ (က-၁)ပါ ပုံစံများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ခရိုင်များသို့လည်း ဖြန့်ဝေပြီး ဖြစ်ပါကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှလည်း ယာယီအိမ်ထောင်စု လူဦးရေစာရင်းထုတ်ပေးခြင်းများကို စီမံချက်စာအုပ်ပါစံနှုန်းအတိုင်း စိစစ်ကူညီဆောင်ရွက်ပေးရ မှာဖြစ်ပါကြောင်း၊ စီမံချက်လုပ်ငန်းများအား အချိန်နီးကပ်မှ အကြောင်းကြားလာခဲ့သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခြင်းဖြစ်၍ သင်တန်းတွင် မရှင်းလင်းသည့် အချက်အလက် များအား ပွင့်ပွင့်လင်းလင်းမေးမြန်းသွားကြရန်နှင့် ရပ်ကွက်/ ကျေးရွာအုပ်စုစာရင်း ကောက်ယူ ပြုစုမည့် အဖွဲ့များအားလည်း ပြန်လည်ပို့ချရာတွင် ရှင်းလင်းလွယ်ကူစွာ ပို့ချနိုင်ရေး တိုင်းရင်းသား များနှင့်ပတ်သက်၍လည်း ဘာသာစကားကျွမ်းကျင်သော ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ဆောင်ရွက် သွားကြရန်နှင့် လူဦးရေစာရင်းကောက်ယူပြုစုရာတွင် လိုအပ်သောသင်တန်းပေးခြင်း၊ စာရွက် စာတမ်းများ၊ ကုန်ကျငွေများအားလည်း ခရိုင်များမှ စုစည်းတောင်းခံထားပြီးဖြစ်၍ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ တင်ပြပြီး အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်းနှင့် ယခုကာလသည် မိုးများသောကာလဖြစ်သော်လည်း သတ်မှတ်သည့် ဩဂုတ်လအတွင်း ပြီးစီးနိုင်ရေးအတွက် မြို့နယ်အလိုက် စီမံချက်ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဇူလိုင်လ ဒုတိယအပတ်မှစ၍ (၂)ပတ်တစ်ကြိမ် ပေးပို့ရမည်ဖြစ်သည့်အတွက် အလေးထားဆောင်ရွက်စေ လိုကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက်(၉:၁၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။