Follow Us

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

Wed, 10/05/2016 - 16:04

Vertical Tabs

About Topic

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

   ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
၁။ ရေကြောင်းဘက်ဆိုင်ရာ အက်ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများအား ခေတ်နှင့်လိုက်လျောညီထွေ ကျင့်သုံးနိုင်ရေးအတွက် အထက်အာဏာပိုင်များထံ ရေးဆွဲပြုစု၍ အကြံပြုတင်ပြ ရခြင်း၊
၂။ စက်တပ်ရေယာဉ်များ အမျိုးအစားအားလုံးကို တိုင်းတာစစ်ဆေး၍ မှတ်ပုံတင်ပေးရခြင်း၊
၃။ သင်္ဘော၊ စက်လှေ၊ ရေယာဉ်များ အသစ်တည်ဆောက်ခြင်းနှင့် ပတ်သက်သော စစ်ဆေးမှုများ ဆောင်ရွက်ရခြင်း၊
၄။ နိုင်ငံခြားသွားကုန်းပတ်နှင့် စက်ဘက်ဆိုင်ရာ အရာရှိအဆင့်စာမေးပွဲများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မီအရည်အချင်းစစ်စာမေးပွဲများ ကျင်းပပြုလုပ်၍ ကျွမ်းကျင်မှုလက်မှတ်များ ထုတ်ပေးခြင်း၊
၅။ ကမ်းရိုးတန်းသွား ရေယာဉ်မှူး၊ မာလိန်မှူးနှင့် ပဲ့နင်းစာမေးပွဲများ၊ ပြည်တွင်းရေကြောင်း/ရေယာဉ်အုပ်နှင့် စက်ခန်းအုပ်စာမေးပွဲများ ကျင်းပပြုလုပ်၍ ကျွမ်းကျင်မှုလက်မှတ်များ ထုတ်ပေးခြင်း၊
၆။ သင်္ဘော၊ စက်လှေ (ကုန်သွယ်နှင့်ငါးဖမ်း)နှင့် စက်တပ်ရေယာဉ်များ၊ စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ လိုက်နာဆောင်ရွက်ရေးကိစ္စရပ်များကို ကွပ်ကဲပေးရခြင်း၊
၇။ ရေလမ်းခရီးတွင် ထိခိုက်ဆုံးရှုံးမှုများ ပေါ်ပေါက်ပါက တည်ဆဲဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ စုံစမ်းစစ်ဆေး၍ လိုအပ်သကဲ့သို့ အရေးယူထိန်းသိမ်းကြပ်မတ်ပေးရခြင်း၊
၈။ သင်္ဘောသားများစုဆောင်းခြင်း၊ လေ့ကျင့်ရေးအစီအစဉ်များပြုလုပ်ပေးရခြင်း၊ အရည်အချင်းအဆင့်သတ်မှတ်ပေးခြင်း၊ နိုင်ငံခြားထွက်ခွာခွင့်အတွက် ကင်းရှင်းချက်ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်းနှင့် မှတ်ပုံတင်ပေးရခြင်း၊
၉။ သင်္ဘောသားများ၏ရပိုင်ခွင့်ကိစ္စများ ၊ အာမခံလျော်ကြေးကိစ္စများနှင့် သက်သာချောင်ချိရေးကိစ္စရပ်များ ဆောင်ရွက်ပေးရခြင်း။
၁၀။ နိုင်ငံခြားငွေပိုမိုရရှိရေးအတွက် လူမပါ သင်္ဘောစင်းလုံးငှား (Bareboat  Charter) စနစ်ဖြင့် နိုင်ငံခြားသင်္ဘောများအား မြန်မာနိုင်ငံတွင် ယာယီမှတ်ပုံတင်ပေးရခြင်း၊
၁၁။ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများအရ နိုင်ငံခြားအလံလွှင့်ထူထားသော နိုင်ငံခြားသင်္ဘောများအား မိမိရေပိုင်နက်နှင့် ဆိပ်ကမ်းများအတွင်း စစ်ဆေးခြင်း (PORT  STATE CONTROL)
၁၂။ ၂၀၀၄ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (IMO) မှ အသစ်ပြဋ္ဌာန်းခဲ့သော ရေကြောင်းဘက်ဆိုင်ရာလုံခြုံရေး (MARITIME  SECURITY) နှင့် ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာသင်္ဘောနှင့် ဆိပ်ကမ်းများ၏ လုံခြုံရေးဆိုင်ရာ ကိုဓဥပဒေ (ISPS CODE) အား မြန်မာနိုင်ငံ၏ အထူးအာဏာပိုင်အဖွဲ့အစည်း (DESIGNATED AUTHORITY)အဖြစ် တာဝန်ယူကာ ရေကြောင်းဘက်ဆိုင်ရာလုံခြုံရေးကိစ္စရပ်များကို နိုင်ငံတကာနှင့်ဆက်သွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသော ဌာနတစ်ခု ဖြစ်ပါသည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများ
    တနင်္သာရီတိုင်းဒေသကြီး၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်း/အကြောင်းအရာအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
၁။    သင်္ဘောများ၊ စက်လှေများအား စစ်ဆေး၍ ယာယီမှတ်ပုံတင် (Provisional  Certificate  of  Myanmar  Registry) ထုတ်ပေးခြင်း
    (၁)    ရေယာဉ်ခွင့်ပြုချက်မဲ့တည်ဆောက်မှုစစ်ဆေးခြင်း
    (၂)    ခွင့်ပြုချက်ရယူ၍ ရေယာဉ်တည်ဆောက်မှုစစ်ဆေးခြင်း
    (၃)    ရေယာဉ်ခွင့်ပြုချက်မဲ့တည်ဆောက်မှုစစ်ဆေးခြင်း(ခရိုင်ဂရံ)
    (၄)    လေလံအောင်လှေစစ်ဆေးပေးခြင်း
    (၅)    ရေယာဉ်ဂရံမိတ္တူထုတ်ပေးခြင်း(ဂရံကြီး/ခရိုင်ဂရံ)
၂။    နိုင်ငံခြားသင်္ဘောများ Port  State  Control  ပြုလုပ်ပေးခြင်း
၃။    နစ်မြှုပ်မှု၊ တိုက်ခိုက်မှု၊ မီးလောင်မှုတို့တွင် ပဏာမ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးခြင်း
၄။    နိုင်ငံခြားငါးဖမ်းဒေါ်လာလှေ တိုင်းတာစစ်ဆေးခြင်း
၅။    မြန်မာနိုင်ငံအလံလွှင့်ထူထားသော သင်္ဘောများအား Seaworthiness  ရှိစေရန် စစ်ဆေးခြင်းနှင့် Port  Clearance ရရှိစေရန် Clearance  For  Outward ထုတ်ပေးခြင်း
    (၁)    ကြယ်ငါးပွင့်ခရီးသည်တင်သင်္ဘောများ ဝင်/ထွက်မှု စစ်ဆေးခြင်း
    (၂)    ကုန်တင်သင်္ဘောများ ဝင်/ထွက်မှု စစ်ဆေးခြင်း(သံခွံ)
    (၃)    ကုန်တင်ရေယာဉ်များ ဝင်/ထွက်မှု စစ်ဆေးခြင်း(သစ်သားခွံ)
၆။    သင်္ဘော ၊ စက်လှေများ ၊ ငါးဖမ်းလှေများ၏ ရေယာဉ်များကြံ့ခိုင်မှုနှင့် အသက်ကယ်ပစ္စည်းများ စစ်ဆေးခြင်း
၇။    ရေယာဉ်များအတိုင်းအတာပြောင်း ၊ အမည်ပြောင်း ၊ စက်ပြောင်းခြင်းများ ဆောင်ရွက်ပေးခြင်း
    (၁)    လုပ်ငန်းပြောင်းလဲပေးခြင်း
    (၂)    ပိုင်ရှင်ပြောင်းလဲပေးခြင်း
    (၃)    လှေအမည်ပြောင်းလဲပေးခြင်း
    (၄)    အင်ဂျင်စက်ပြောင်းလဲပေးခြင်း
    (၅)    အစုရှယ်ယာထည့်ဝင်ခြင်း
    (၆)    ခွင့်ပြုချက်မဲ့အတိုင်းအတာပြောင်းလဲပေးခြင်း
    (၇)    ခွင့်ပြုချက်မဲ့အတိုင်းအတာပြောင်းလဲပေးခြင်း(ခရိုင်)
    (၈)    ပဲ့နင်း/စက်ဆရာပြောင်းလဲပေးခြင်း
    (၉)    ပဲ့နင်းမှူးလက်မှတ်သက်တမ်းတိုးပေးခြင်း
    (၁၀)   စက်ခန်းအုပ်လက်မှတ်လဲလှယ်ပေးခြင်း
    (၁၁)   ခရိုင်ပဲ့နင်းမှူးလက်မှတ်ထုတ်ပေးခြင်း
၈။    ပဲ့နင်း၊ စက်ဆရာများအား သင်တန်းပို့ချခြင်း၊ စာမေးပွဲစစ်ဆေးပေးခြင်းနှင့် လက်မှတ်များ ထုတ်ပေးခြင်း
၉။   နိုင်ငံသားများ နိုင်ငံခြားမှ တိုက်ရိုက်တင်သွင်းလာသော ငါးဖမ်း/ငါးသယ်လှေများ ကုန်တင်သင်္ဘောများကို ယာယီမှတ်ပုံတင်ထုတ်ပေးခြင်းနှင့် မှတ်ပုံတင်ကြီး ရရှိစေရန် ဆောင်ရွက်ပေးခြင်း
၁၀။    လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း

Office Address and Location Map
Location Map: