Follow Us

တနင်္သာရီတိုင်းဒေသကြီးအတွင်း လူဦးရေစာရင်းကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင် စာရင်းပြုစု ခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Thu, 06/27/2019 - 23:47

ယနေ့ နေ့လယ် (၁၁:၄၅) နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၂)၌ ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီးအတွင်း လူဦးရေစာရင်းကောက်ယူပြုစု ခြင်း၊ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးမြတ်ယု နှင့် ဦးမိုးဇော်လတ်၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာတိုင်းဒေသကြီးဦးစီးမှူး ဦးရဲရင့်သိန်း၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရွေးကောက်ပွဲကော်မရှင်အရာရှိ  ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းဦးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး များ တက်ရောက်ခဲ့ကြပါသည်။

           အစည်းအဝေးတွင် အခြေခံမဲဆန္ဒရှင်စာရင်း ကောက်ယူရေးကိစ္စ၊ မဲဆန္ဒရှင်စာရင်းကောက် ယူရာတွင် ခရိုင်အလိုက် ခန့်မှန်းကုန်ကျမည့် ရန်ပုံငွေစာရင်း ကြိုတင် တင်ပြကြရန်နှင့် တင်ပြ တောင်းခံသည့်ရန်ပုံငွေများအား ပြန်လည်သုံးသပ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြတောင်းခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း မဲဆန္ဒရှင်စာရင်းအမြန်ရရှိနိုင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။