Follow Us

တနင်္သာရီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် အထောက်အကူပြုနိုင်ရေး အတွက် BUSINESS FINLAND , Myanmar ၏အစီအစဉ်ဖြင့် Finland နိုင်ငံ Wartsila Corporation မှထုတ်လုပ်သည့် Crude Oil, HFO, DieseL& Natural Gas သုံး ဓာတ်အားပေးစက်များနှင့် ပတ်သက်၍ လ

Thu, 06/27/2019 - 00:49

ယနေ့ နေ့လယ် (၂:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် အထောက်အကူပြုနိုင်ရေးအတွက် BUSINESS FINLAND , Myanmar ၏အစီအစဉ်ဖြင့် Finland နိုင်ငံ  Wartsila Corporation မှ ထုတ်လုပ်သည့် Crude Oil, HFO, DieseL& Natural Gas သုံး ဓာတ်အားပေးစက်များနှင့် ပတ်သက်၍ လာရောက်ရှင်းလင်းတင်ပြသည့်အခမ်းအနားကို တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဉီးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ အသီးသီး တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် တနင်္သာရီတိုင်းဒေသကြီးသို့ မဟာဓာတ်အားလိုင်းမရောက်ရှိသေးသဖြင့် ထားဝယ် ခရိုင်တွင် လျှပ်စစ်ဓာတ်အားရရှိနိုင်ရန် Gas ဓာတ်ငွေ့ဖြင့်လည်းကောင်း၊ မြိတ်ခရိုင်နှင့် ကော့သောင်း ခရိုင်တို့တွင် Diesel ဖြင့် လည်ပတ်ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ Finland နိုင်ငံ Wartsila Corporation မှ ပထမအကြိမ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံပွဲ ပြုလုပ်ရာတွင် Finland နိုင်ငံ၏ ဆန်းသစ်သည့်နည်းပညာဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ ရှိသည်ကို တွေ့ရှိရသည့်အပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုမရှိသည်ကို တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပေးခြင်းဖြစ်ပါကြောင်း၊ ရည်မှန်းချက်အနေဖြင့် ဒေသခံပြည်သူများ လျှပ်စစ်မီတာခနှုန်းထား အနည်းဆုံးရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ပျက်စီးမှုမရှိဘဲ ဒေသခံလက်ခံပါက Finland နိုင်ငံ Wartsila Corporation မှ တင်ပြဆွေးနွေးသည့် နည်းပညာဖြင့် ဆောင်ရွက်နိုင်ရန် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များမှ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါသည်။

          ထို့နောက် BUSINESS FINLAND , Myanmar မှ Finland နိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုများကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များအား ဖြည့်စွက်မေးမြန်းပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် မှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ည(၆:၀၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း  သတင်းရရှိပါသည်။