Follow Us

လမ်းဦးစီးဌာန

Wed, 10/05/2016 - 16:00

Vertical Tabs

About Topic

လမ်းဦးစီးဌာန၏လုပ်ငန်းတာဝန်များ

        တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်း (၅၀၃)မိုင်၊ (၃)ဖာလုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်း (၄၃၃)မိုင်၊ (၅)ဖာလုံ၊ စုစုပေါင်း (၉၃၇)မိုင်၊ (၀)ဖာလုံနှင့် တံတားစာရင်းများအနေဖြင့် (၃၁၂၁)စင်း တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လက်ရှိလမ်း/တံတား အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

လမ်းအခြေအနေ

(က) AC လမ်း - (၅၉)မိုင်၊ (၅)ဖာလုံ
(ခ ) ကွန်ကရစ်လမ်း - (၄၄)မိုင်၊ (၀)ဖာလုံ
(ဂ ) ကတ္တရာလမ်း - (၆၄၁)မိုင်၊ (၁)ဖာလုံ
(ဃ) ကျောက်လမ်း - (၅၉)မိုင်၊ (၀)ဖာလုံ
(င ) အမာခံလမ်း - (၆၉)မိုင်၊ (၂)ဖာလုံ
(စ ) မြေလမ်း - (၆၄)မိုင်၊ (၀)ဖာလုံ
      စုစုပေါင်း -  (၉၃၇)မိုင်၊ (၀)ဖာလုံ

တံတားအခြေအနေ

(က) (၅၀)ပေ - အောက်တံတား ၇၆၇ စင်း
(ခ ) (၅၀-၁၀၀)ပေ - အောက်တံတား ၉၀ စင်း
(ဂ ) (၁၀၀-၁၈၀)ပေ - အောက်တံတား ၂၃ စင်း
(ဃ) (၁၈၀)ပေနှင့်အထက် - တံတား ၂၃ စင်း
(င ) Box Culvert/Pipe Culvert  - ၂၂၁၈ စင်း
        စုစုပေါင်း - ၃၁၂၁ စင်း

ဦးစီးဌာန၏ လုပ်ငန်း/အကြောင်းအရာအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ

(က) လမ်းဦးစီးဌာနအနေဖြင့် ရန်ပုံငွေအမျိုးအစားငွေလုံးငွေရင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် ပြည်ထောင်စုရန်ပုံငွေ/ တိုင်းဒေသကြီးရန်ပုံငွေဟူ၍ (၂)မျိုးရှိပါသည်။ ပြည်ထောင်စုရန်ပုံငွေမှာ ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းအပိုင်းတွင်သာ လုပ်ငန်းများလုပ်ဆောင်လျက်ရှိပြီး တိုင်းဒေသကြီးရန်ပုံငွေမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းများအပြင် ပြည်ထောင်စုမှ စီမံခန့်ခွဲသောလမ်းပေါ်တွင်လည်း လုပ်ငန်းလိုအပ်ချက်အရ ဆောင်ရွက်စေပါသည်။
(ခ) ရန်ပုံငွေရရှိလာပါက လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျွမ်းကျင်မှုဆိုင်ရာခွင့်ပြုချက် တင်ပြတောင်းခံရပါသည်။ ကျွမ်းကျင်မှုဆိုင်ရာခွင့်ပြုမိန့်ချမှတ်ပိုင်ခွင့်နှင့် လုပ်ငန်းစာချုပ်ချုပ်ဆိုပိုင်ခွင့်၊ အခွင့်အာဏာမှာ-
     - ရန်ပုံငွေကျပ်သန်း(၅၀.၀၀)အထိအား ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)
       လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)
     - ကျပ်သန်း(၁၀၀.၀၀)အထိ ညွှန်ကြားရေးမှူး(မြို့ပြ)
     - ကျပ်သန်း(၂၀၀.၀၀)အထိ အင်ဂျင်နီယာချုပ်(မြို့ပြ)
     - ကျပ်သန်း(၃၀၀.၀၀)အထိ ဒုတိယညွှန်ကြားရေးမှူးချုပ်
    - ကျပ်သန်း(၃၀၀.၀၀)နှင့်အထက်အထိ ညွှန်ကြားရေးမှူးချုပ်မှ ကျွမ်းကျင်မှုဆိုင်ရာခွင့်ပြုချက် ချမှတ် ပေးပါသည်။

     လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လမ်း/ တံတား/ အဆောက်အဦများနှင့်ပတ်သက်၍ လမ်းတာရိုးဖို့ခြင်း၊ လမ်းချဲ့ခြင်း၊ လမ်းအသစ်ခင်းခြင်း၊တံတားအသစ် တည်ဆောက်ခြင်း လုပ်ငန်းများနှင့် အဆောက်အဦအသစ် တည်ဆောက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ရာတွင် မြေစမ်းသုတေသနဦးစီးဌာနမှ မြေစမ်းအဖွဲ့စေလွှတ်၍ မြေစမ်းတိုင်းတာတွက်ချက်၍ရရှိသည့် အချက်အလက် ဖြင့် လမ်းပုံထုတ်၊ တံတားပုံထုတ်၊ အဆောက်အဦပုံထုတ်တို့ဖြင့် ဆောင်ရွက်ရမည့် Design ထုတ်ပေးပြီး ၄င်းထုတ်ပေးသည့် Design  အတိုင်း ဆောင်ရွက်ရပါသည်။ လုပ်ငန်းများ ဆောင်ရွက်သည့်အခါ လမ်း/ တံတား/ အဆောက်အဦအရည်အသွေး တိုင်းတာရေးအဖွဲ့များအား ရုံးချုပ်မှ ငှားရမ်း၍ လုပ်ငန်းစဉ်အဆင့်ဆင့်စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မှီမှသာ လုပ်ငန်းဆက်လက်လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။

 

 

 

Office Address and Location Map
Location Map: