Follow Us

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

Wed, 10/05/2016 - 15:48

Vertical Tabs

About Topic

ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ
(က) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အဓိကလုပ်ငန်းဖြစ်သော တယ်လီဖုန်းလုပ်ငန်းကို စီမံကိန်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
(ခ ) နိုင်ငံတော်မှချမှတ်ထားသော နှစ်တို၊ နှစ်ရှည်စီးပွားရေးမူဝါဒများနှင့် ဆက်သွယ်ရေးဖွံဖြိုးမှုစီမံကိန်းများ ရေးဆွဲခြင်း။
(ဂ ) နိုင်ငံခြားအကူအညီရယူမည့် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
(ဃ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် အသုံးပြုနေသော စက်ကရိယာများကို ခေတ်နှင့်လျော်ညီစွာ တိုးချဲ့ပြုပြင်ပြောင်းလဲတပ်ဆင်ခြင်းတို့အတွက် အမြဲတစေစူးစမ်းလေ့လာ၍ စီစဉ်ဆောင်ရွက်ခြင်း။
(င) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများနှင့်ပတ်သတ်၍ ပညာပြန်ပွားရေးအတွက် စာအုပ်စာတမ်းများပြုစုခြင်း၊ သင်တန်းများပို့ချခြင်း၊ စက်မှုဆိုင်ရာစာအုပ်စာတမ်းများ စုဆောင်း၍ စာကြည့်တိုက်ဖွင့်လှစ်ခြင်း။
(စ) ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများတွင် ကျွမ်းကျင်မှု ပိုမိုပြည့်ဝလာစေရေးအတွက် လေ့ကျင့်ပညာပေးခြင်း။
(ဆ) ဆက်သွယ်ရေးဆိုင်ရာ နည်းပညာအသစ်များနှင့် ခေတ်နှင့်လျော်ညီစွာ အသုံးပြုနေသော ဆက်သွယ်ရေးပစ္စည်းအသစ်အဆန်းများအား ကိုင်တွယ်အသုံးပြုရာတွင် ကျွမ်းကျင်မှုရှိစေရန် ပြင်ပနိုင်ငံများသို့ စေလွှတ်လေ့လာခြင်း၊ ကျွမ်းကျင်မှုအတတ်ပညာရှင်များလဲလှယ်ခြင်း၊ အတွေ့အကြုံများ နှီးနှောဖလှယ်ရေးကိစ္စများဆောင်ရွက်ခြင်း။
(ဇ) စီမံကိန်းများနှင့်ပတ်သတ်၍ တယ်လီဖုန်းလုပ်ငန်းများနှင့်ပတ်သတ်သော ကိန်းဂဏန်းများကို တွက်ချက်ဖော်ထုတ်ခြင်း။
(စျ) ဝန်ထမ်းရေးရာကိစ္စများကို မြို့ပြဝန်ထမ်းစည်းမျဉ်းဥပဒေများ၊ ဌာနဆိုင်ရာလက်စွဲဥပဒေများ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းများပြေပြစ်ချောမွေ့စေရန် စီမံကွပ်ကဲဆောင်ရွက်ခြင်း။
(ည) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖွဲ့စည်းပုံနှင့်အညီ ဝန်ထမ်းအင်အားစာရင်းပြုစုထားရှိခြင်း၊ ဝန်ထမ်းများ၏သက်သာချောင်ချိရေးနှင့် ကျန်းမာရေး၊ လူမှုရေးကိစ္စများဆောင်ရွက်ခြင်း။
(ဋ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သာမန်နှင့် ငွေလုံးငွေရင်း၊ ရသုံးမှန်းခြေငွေစာရင်းများကို ရေးဆွဲခြင်း၊ အတည်ပြုချက်ရယူခြင်း၊ ခွဲဝေပေးခြင်း။
(ဌ) ဘဏ္ဍရေးဝန်ကြီးဌာနမှ အခါအားလျော်စွာထုတ်ပြန်သောဥပဒေ၊ နည်းဥပဒေစည်းမျဉ်း၊ စည်းကမ်းနှင့်ညွှန်ကြားချက်များကို ဌာနများ၊ ပြည်နယ်/တိုင်းဒေသကြီးရုံး လိုက်နာစေရန် ထုတ်ပြန်ခြင်း။
(ဍ) ပြည်သူလူထုသို့ နိုင်ငံတကာစံချိန်စံညွှန်းနှင့်ကိုက်ညီပြီး ယှဉ်ပြိုင်မှုရှိသော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအဖြစ် ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများ ရရှိအောင် နည်းလမ်းများ ရှာဖွေဆောင်ရွက်ခြင်း။ 
(ဎ) ကျေးလက်နေပြည်သူများအထိ မိုဘိုင်းတယ်လီဖုန်းများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ အဆင်ပြေချောမွေ့စွာ သုံးစွဲနိုင်အောင် ပြည်သူများထံသို့ တပ်ဆင်ပေးရန်ဆောင်ရွက်ခြင်း။
(ဏ) 3G မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုနိုင်စေမည့်အပြင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်သော ICT Eco System  များဖြစ်သော (ဥပဒေ-e-government,etc,) တို့ကိုလည်း အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်း။
(တ) မြို့ပြနှင့်ကျေးလက် တယ်လီဖုန်းသိပ်သည်းဆ (Density )အား အချိုးညီညီတစ်ပြိုင်တိုးတက်စေရန် ဆောင်ရွက်ခြင်း။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှအကြောင်းအရာအလိုက်ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ထုံး၊ လုပ်နည်းများ
(က) အော်တိုတယ်လီဖုန်းလုပ်ငန်း
     မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အများပြည်သူများ ဆက်သွယ်မှုအဆင်ပြေစေရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါမြို့တို့တွင် အော်တိုအိတ်ချိန်းရုံးများ တည်ဆေက်ထားရှိမှု အခြေအနေမှာ ထားဝယ်မြို့တွင်(၃)ရုံး၊ လောင်းလုံးမြို့တွင်(၁)ရုံး၊ ရေဖြူမြို့တွင်(၁)ရုံး၊ သရက်ချောင်းမြို့တွင်(၁)ရုံး၊ မြိတ်မြို့တွင်(၁)ရုံး၊ ကျွန်းစုမြို့တွင်(၁)ရုံး၊ ပုလောမြို့တွင်(၁)ရုံး၊ ပလောက်မြို့တွင်(၁)ရုံး၊ ပလရွာတွင်(၁)ရုံး၊ တနင်္သာရီတွင်(၁)ရုံး၊  ဘုတ်ပြင်းမြို့တွင်(၁)ရုံး၊ ကော့သောင်းမြို့တွင်(၁)ရုံး၊ စုစုပေါင်း(၁၄)ရုံးဖြင့် အော်တို တယ်လီဖုန်းလိုင်းအသစ်များတပ်ဆင်ခြင်း၊ ပြောင်းရွှေ့ခြင်းပိတ်သိမ်းခြင်း စသည့်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
(ခ ) အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း(ADSL)
     မြန်နှုန်းမြင့်အင်တာနက်ဆက်သွယ်ရေးစနစ် (ADSL)များကို ထားဝယ်၊ သရက်ချောင်း၊ မြိတ်၊ ပုလော၊ ကော့သောင်းမြို့အိတ်ချိန်းရုံးများတွင် တပ်ဆင်ထားရှိ၍ အင်တာနက်လိုင်းအသစ်များ တပ်ဆင်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ပိတ်သိမ်းခြင်း စသည့်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
(ဂ ) အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း(Fiber )
     အင်တာနက်ဆက်သွယ်ရေးစနစ် ပိုမိုမြန်ဆန်ရေးအတွက် ထားဝယ်မြို့တွင် Fiber to  The Home (FTTH)စနစ်ဖြင့် ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
(ဃ) MPT Own  Shop ဝန်ဆောင်မှုလုပ်ငန်း
     တိုင်းဒေသကြီးအတွင်းရှိ မိုဘိုင်းဖုန်းသုံးစွဲသူ အများပြည်သူများသို့ ဖော်ပြပါ SIM Card  အသစ်ဝယ်ယူခြင်း၊ ငွေဖြည့်ကဒ်ဝယ်ယူခြင်း၊ e-load  စနစ်ဖြင့် ငွေထည့်သွင့်ခြင်း၊ ကဒ်ပျောက်၊ကဒ်ပျက်များဆောင်ရွက်ခြင်း၊ SIM Registration  စသည့်ဝန်ဆောင်မှုလုပ်ငန်းများအား ထားဝယ်၊ ပုလော၊ မြိတ်၊ ကော့သောင်းမြို့များတွင် MPT Own  Shop အရောင်းဆိုင်များ ဖွင့်လှစ်ထားရှိ ပါသည်။ ဆက်လက်၍ ရေဖြူ၊ သရက်ချောင်း၊ လောင်းလုံး၊ ပလောက်၊ ပလ၊ တနသာင်္ရီ၊ ကျွန်းစု၊ ဘုတ်ပြင်း အော်တိုအိတ်ချိန်းရုံးများတွင်လည်း SIM Registration  ဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းတင်ပြအပ်ပါသည်။
(င ) မိုဘိုင်းတယ်လီဖုန်းလုပ်ငန်း
     မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အများပြည်သူများ မိုဘိုင်းဆက်သွယ်မှု အဆင်ပြေစေရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ကျေးရွာများတွင် CDMA 450 MHZ စခန်း(၁၉)ခု ၊ CDMA-800 MHZ စခန်း(၄)ခု၊ GSM+WCDMA စခန်း(၁၅၉)ခု တည်ဆောက်တပ်ဆင်ထားရှိပြီး မိုဘိုင်းတယ်လီဖုန်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

Office Address and Location Map
Location Map: