Follow Us

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

Wed, 10/05/2016 - 15:47

Vertical Tabs

About Topic

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

(က) အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အသုံးပြုနေသော မော်တော်ယာဉ်များ အန္တာရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ယာဉ်များကို စစ်ဆေး၍ ဥပဒေနှင့်အညီ မှတ်ပုံတင် ပေးရန်။
(ခ ) မော်တော်ယာဉ်မောင်းများကို စစ်ဆေး၍ ယာဉ်မောင်းလိုင်စင်များကို ဥပဒေနှင့်အညီ ထုတ်ပေးရန်။
(ဂ ) လမ်းအသုံးပြုသူများ လိုက်နာရမည့်စည်းကမ်းချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထုတ်ပြန်ရန်။
(ဃ) နိုင်ငံတော်မှ ရသင့်ရထိုက်သည့် ယာဉ်နှင့်ပတ်သက်သောအခွန်ငွေများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကောက်ခံရန်။

လုပ်ငန်းဆောင်ရွက်မှု  
  ဤဦးစီးဌာနသည် မော်တော်ယာဉ်ဥပဒေ ၊ နည်းဥပဒေများနှင့်အညီ မော်တော်ယာဉ်များ အား ယာဉ်အမျိုးအစား(၁၀)မျိုး ခွဲခြား၍ မှတ်ပုံတင်ပေးပါသည်-
(က) လူစီး။ ဆလွန်း၊ စတေရှင်ဝက်ဂွန်၊ ခရီးသည်(၁၅)ဦးအထိ မိုက္ကရိုဘတ်စ်၊ ဘတ်စ်၊ လိုက်ဗင်န်၊ ဂျစ်၊ ပစ်ကပ်ယာဉ်များ။
(ခ ) ကုန်တင်(ဝန်ပေါ့)။ လိုက်ထရပ်နှင့် တင်ဆောင်နိုင်အား (၃)တန်နှင့် (၃)တန်အောက် ဗင်န်၊ ထရပ်ယာဉ်များ။
(ဂ ) ကုန်တင်(ဝန်လေး)။ တင်ဆောင်နိုင်အား (၃)တန်အထက် ဗင်န်၊ ထရပ်ယာဉ်များ။
(ဃ) ခရီးသည်တင်။ ခရီးသည်(၁၅)ဦးအထက် မိုက္ကရိုဘတ်(စ်)၊ ရိုးရိုးဘတ်စ်ယာဉ်များ။
(င ) အခြား။ လူနာတင်ယာဉ်၊ မီးသတ်ယာဉ်၊ ကရိန်းယာဉ်၊ နိဗ္ဗာန်ယာဉ်များ၊ ဆီတင်ယာဉ်၊ ရေတင်ယာဉ်၊ ပိုက်လုံးတင်ယာဉ်၊ ဆယ်တင်ယာဉ်၊ တွင်းတူးစက်တင်ယာဉ်၊ မြေသယ်ယာဉ်၊ ကွန်ကရစ်ဖျော်စက်ယာဉ်နှင့် နောက်တွဲယာဉ်များ။
(စ ) နှစ်ဘီးတပ်ယာဉ်။ စက်တပ်စက်ဘီး၊ မိုပက်ဆိုင်ကယ်၊ စကူတာဆိုင်ကယ်နှင့် ရိုးရိုး နှစ်ဘီးတပ်ဆိုင်ကယ်များ။
(ဆ) သုံးဘီးတပ်။ သုံးဘီးတပ်မော်တော်ဆိုင်ကယ်များ၊ ဘေးတွဲပါမော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များ။
(ဇ ) ထရော်လာဂျီ။ ထရက်တာ၊ လယ်ယာသုံးထရပ်နှင့် ထရော်လာဂျီ(လက်တွန်းထွန်စက်) ယာဉ်များ။
(စျ) စက်ယန္တရား။ မြေထိုးစက်၊ မြေတင်စက်၊ မြေညှိစက်၊ မြေတူးစက်၊ လမ်းကြိတ်စက်၊ တုန်ခါလမ်းကြိတ်စက်၊ မြေသိပ်သည်းစက်၊ မြေသယ်စက်၊ ကျောက်ခွဲစက်၊ သစ်လုံးတင်စက်၊ ဝန်ချီစက်၊ ကွန်ကရစ်သယ်ယာဉ်၊ နိုင်လွန်ကတ္တရာဖြန်းစက်။
(ည) နောက်တွဲယာဉ်။ မော်တော်ယာဉ်ဖြင့်ဆွဲရသည့် ယာဉ်တစ်ခုခုကို ဆိုလိုသည်။
    

မော်တော်ယာဉ်/ဆိုင်ကယ် သက်တမ်းတိုးဆောင်ရွက်ခြင်း
    မော်တော်ယာဉ်/ဆိုင်ကယ်သက်တမ်းတိုးဆောင်ရွက်ရာတွင် လာရောက်ဆောင်ရွက်သူ မှတ်ပုံတင်မူရင်း/မိတ္တူ၊ ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃)၊ အဝိုင်း၊ ၆ ဂ အက္ခရာနှင့် အထက် ကိုယ်ပိုင်လူစီးယာဉ်ငယ်သက်တမ်း(၂)နှစ်သို့ ပြောင်းလဲသတ်မှတ်၍ သက်တမ်းတိုး ပေးပြီး အငှားယာဉ်များ၊ ခရီးသည်တင်ယာဉ်များ၊ ယာဉ်ကြီးများ၊ စက်မှုဇုန်ထုတ်ယာဉ်များ၊ ၆ ဂ အက္ခရာအောက်ယာဉ်များအား လက်ရှိအတိုင်း(၁)နှစ်လျှင် (၁)ကြိမ်ဖြင့် ဆက်လက် သက်တမ်းတိုးဆောင်ရွက်ပေးလျှက်ရှိပါသည်။

မော်တော်ယာဉ်ကနဦးလုပ်ငန်းများဆောင်ရွက်ခြင်း       
   ကနဦးလုပ်ငန်းများဆောင်ရွက်ရာတွင် မော်တော်ဆိုင်ကယ်အတွက် ရုံးချုပ်မှ အတည် ပြုစာပါရှိလျှင် ကနဦးနံပါတ်တောင်းယူ၍ ယာဉ်စစ်ဆေးပြီး ကမ-၃၊ အဝိုင်း ထုတ်ပေး ပါသည်။ မော်တော်ယာဉ်တွင် အတည်ပြုစာပါရှိလျှင် ယာဉ်စစ်ဆေးပြီး ရုံးချုပ်သို့ လိုအပ် သည်များ တင်ပြ၍ ဆက်လက်ဆောင်ရွက်ပေးပါသည်။

မော်တော်ယာဉ်/ဆိုင်ကယ်အမည်ပြောင်းဆောင်ရွက်ခြင်း
  ပြည်တွင်းအခွန်ဦးစီးဌာနမှ အခွန်ပေးဆောင်ပြီးကြောင်း အခွန်ပုံစံစာရွက်နှင့်အတူ နေရပ် လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်/အုပ်ချုပ်ရေးမှူးထောက်ခံချက် ရယူ၍ ဆောင်ရွက်ပေးပါ သည်။

မော်တော်ယာဉ်မောင်းလိုင်စင်များထုတ်ပေးခြင်း
  ဤဦးစီးဌာနမှ အများပြည်သူတို့ကို ဥပဒေနှင့်အညီ မော်တော်ယာဉ်မောင်းလိုင်စင်များ စစ်ဆေးထုတ်ပေးလျှက်ရှိပါသည်။ ယာဉ်မောင်းလိုင်စင်အမျိုးအစားအလိုက် မောင်းနှင်ခွင့် ရှိသည့်ယာဉ်များအား အောက်ပါအတိုင်းသတ်မှတ်ထားပါသည်-
(က) ‘သ’ လိုင်စင်။ က၊ ခ၊ ဌ ယာဉ်မောင်းလိုင်စင်ဖြင့် မောင်းနှင်ခွင့်ရှိသည့် (မော်တော်ယာဉ်ယာဉ်များဖြင့် ယာဉ်မောင်းသင်ခွင့်ရှိသည် အမောင်းသင်ရန်)
(ခ ) ‘က’ လိုင်စင်။ မော်တော်ဆိုင်ကယ်။
(ဂ ) ‘က-၁’ လိုင်စင်။ စက်စွမ်းအား ၁၁၀ စီစီနှင့်အောက် မော်တော်ဆိုင်ကယ်။
(ဃ) ‘ခ’ လိုင်စင်။ ကိုယ်ပိုင်ဝန်ပေါ့မော်တော်ယာဉ်နှင့် ကိုယ်ပိုင်ဘတ်စ်ကားငယ်၊ မော်တော် ဆိုင်ကယ်၊ ‘ဌ’ ယာဉ်မောင်းလိုင်စင်ဖြင့် မောင်းနှင်ခွင့်ရှိသည့်ယာဉ်များ။
(င ) ‘ဂ’ လိုင်စင်။ မှတ်ပုံတင်ထားသော စက်ယန္တရားကြီးများ၊ စက်တပ်ယာဉ်ကြီးများ မောင်းနှင်ခွင့်ရှိသည့်လိုင်စင်။
(စ ) ‘ဌ’ လိုင်စင်။ ထရော်လာဂျီ၊ ထရက်တာယာဉ်များ မောင်းနှင်ခွင့်ရှိသည့်လိုင်စင်။
(ဆ) ‘ဃ’ လိုင်စင်။ ကိုယ်ပိုင်ဝန်လေးမော်တော်ယာဉ်၊ ကိုယ်ပိုင်ဘတ်စ်ကားကြီး၊ တက္ကစီ၊ နိဗ္ဗာန်ယာဉ်၊ က၊ ခ၊ ဌ ယာဉ်မောင်းလိုင်စင်ဖြင့် မောင်းနှင်ခွင့်ရှိသည့်ယာဉ်များ။
(ဇ ) ‘င’ လိုင်စင်။ တရားဝင်မှတ်ပုံတင်ထားသော ကိုယ်ပိုင်၊ အငှားမော်တော်ယာဉ်များ အားလုံး။

ယာဉ်မောင်းလိုင်စင်အသစ်ထုတ်ပေးခြင်း    
   ဤဦးစီးဌာနသို့ ယာဉ်မောင်းလိုင်စင်အသစ် လာရောက်လျှောက်ထားပါက အောက်ဖော်ပြပါအတိုင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ရပါသည်-
(က) လာရောက်လျှောက်ထားသူ၏ မှတ်ပုံတင်မူရင်း/မိတ္တူ။
(ခ ) တိုင်းဒေသကြီးဦးစီးမှူး၏ ခွင့်ပြုချက်။
(ဂ ) ယာဉ်မောင်းသင်တန်းကြေး ပေးသွင်းရပါမည်။
(ဃ) လျှောက်လွှာ+ငွေသွင်းပြေစာနှင့်အတူ ယာဉ်မောင်းစစ်ဆေးရေးဌာနသို့ သွားရောက် ဖြေဆိုရပါမည်။
(င ) လမ်းအသုံးပြုသူများ လိုက်နာကျင့်သုံးရမည့် လမ်းညွှန်များကို သင်ကြားပို့ချပါသည်။
(စ ) ယာဉ်/လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရမည့် မေးခွန်းလွှာများ ဖြေဆိုစေပြီး လက်တွေ့ယာဉ်မောင်းစစ်ဆေးမှု ဆောင်ရွက်ပါသည်။
(ဆ) ဖြေဆိုအောင်မြင်ပါက ယာဉ်မောင်းလိုင်စင်ဌာနစိတ်တွင်  လိုင်စင်နံပါတ် ရယူ၍ လိုင်စင်ခပေးသွင်းပြီး မြန်မာ့အာမခံရုံးတွင် အာမခံကြေး ပေးသွင်း ရပါသည်။
(ဇ ) ယာဉ်မောင်းလိုင်စင် အသစ်ထုတ်ပေးပါသည်။

ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးပေးခြင်း
   ဤဦးစီးဌာနသို့ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုး လာရောက်ဆောင်ရွက်ပါက အောက်ဖော်ပြပါအတိုင်း လုပ်ငန်းအဆင့်အဆင့်ဆောင်ရွက်ရပါသည်-
(က) လာရောက်ဆောင်ရွက်သူ၏ မှတ်ပုံတင် မူရင်း+မိတ္တူ။
(ခ ) အာမခံပေးဆောင်ပြီးကြောင်း ပြေစာ။
(ဂ ) နောက်ခံအပြာရောင်ဖြင့် ပတ်စ်ပို့ဆိုဒ် ဓါတ်ပုံ (၂)ပုံ ။
(ဃ) လျှောက်လွှာဖြည့်ပြီး ဒု-ဦးစီးမှူးစီစစ်၍ တိုင်းဒေသကြီးဦးစီးမှူးထံ တင်ပြကာ အတည်ပြုလက်မှတ်ရေးထိုးရပါသည်။
(င ) ငွေသွင်းပြီး ယာဉ်မောင်းလိုင်စင်ထုတ်ပေးပါသည်။

 

 

 

 

Office Address and Location Map
Location Map: