Follow Us

မြန်မာ့အမျိုးသားလေကြောင်း

Wed, 10/05/2016 - 15:32

Vertical Tabs

About Topic

မြန်မာအမျိုးသားလေကြောင်း၏ လုပ်ငန်းတာဝန်များ
     ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသားလေကြောင်းလိုင်းသည် လေယာဉ်လက်မှတ်များကို On-Line-System လေယာဉ်လက်မှတ်ရောင်းချပေးခြင်း၊ ခရီးသည်နှင့် ကုန်စည်များကို အဆင်ပြေချောမွေ့စွာ ပို့ဆောင်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့်လုပ်ထုံးလုပ်နည်းများ
(၁) မြန်မာအမျိုးသားလေကြောင်းသည် မိမိလေကြောင်းလိုင်းအား လေကြောင်းစီးပွါးရေးလုပ်ငန်းအသွင် ပီပြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခရီးစဉ်/ နေ့စဉ်/ လစဉ်/ နှစ်စဉ်အလိုက် ပျံသန်းမှုဆိုင်ရာ ဝင်ငွေ/အသုံးစရိတ်များပေါ် မူတည်၍ အရှူံးအမြတ်များအားစဉ်ဆက်မပြတ် စောင့်ကြည့်သုံးသပ်ဆောင်ရွက်ခြင်း
(၂) လေယာဉ်လက်မှတ်ခ၊ခရီးသည်ရရှိမှု Agent  ဆိုင်ရာကိစ္စ၊ သက်ဆိုင်ရာဒေသ၏ အချိန်အခါအလိုက် အားနည်းချက်/ အားသာချက်၊ ရာသီဥတုကာလ၊ နိုင်ငံသား/ နိုင်ငံခြားသား ခရီးသည်များ၏လိုအပ်ချက်၊ Customer  Right များကို ဆန်းစစ်တင်ပြခြင်း
(၃) သက်ဆိုင်ရာဝင်ငွေရရှိမှုအခြေအနေများအလိုက် ရရှိသင့်/ရရှိထိုက်သော ဝင်ငွေများ မှန်ကန်တိကျစွာ ရရှိရေးအတွက် ဆောင်ရွက်ခြင်း
(၄) ဝင်ငွေယိုစီးမှုမရှိစေရေးအတွက် သက်ဆိုင်ရာစာရင်းရှင်းတမ်းများအား ပြည့်စုံစွာ စီစဉ်ဆောင်ရွက်ပေးခြင်း
(၅) မှန်ကန်မှုရှိစေရေးတို့အတွက် စာရင်းစစ်/လုပ်ငန်းစစ်တို့ဖြင့် အခါအားလျော်စွာ စစ်ဆေးဆောင်ရွက်ခြင်း
(၆) နေ့စဉ်ဝင်ငွေ၊ အပတ်စဉ် အရှုံးအမြတ်များကို ပုံမှန်တွက်ချက် တင်ပြခြင်း

 

Office Address and Location Map
Location Map: