Follow Us

(၃၂)နှစ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် (၂၂)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး

Thu, 05/30/2019 - 16:45

၂၀၁၉ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၃၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားနှင့် (၂၂)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၉.၅.၂၀၁၉)ရက်နေ့ မွန်းလွှဲ(၁)နာရီအချိန်တွင် ထားဝယ်မြို့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊  ရဲဇာနည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          အခမ်းအနားတွင် တိုင်းဒေသကြီးမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေနှင့် မူးယစ်ဆေးဝါး အန္တရာယ်ကင်းစင်ပပျောက်စေဖို့ နည်းလမ်းအသွယ်သွယ်ဖြင့် လုပ်ဆောင်ရာတွင် အသိပညာပေးလုပ်ငန်း သည်လည်း ထိရောက်သည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲတွေကို လူထု လုပ်ဆောင်မှုအသွင်နှင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုနှစ် ပြိုင်ပွဲထူးခြားချက်အနေဖြင့် ပြိုင်ပွဲများကျင်းပ ရာမှာ အခြေခံပညာအဆင့်သာမက တက္ကသိုလ်၊ ကောလိပ်အဆင့်ထိ အလွတ်တမ်းပြိုင်ပွဲတွေကို ထည့်သွင်း ကျင်းပသွားမှာ ဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင် ကျောင်းသားလူငယ်များ၊ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူ များမှတစ်ဆင့် ပြည်သူတစ်ရပ်လုံးက မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကိုသိရှိပြီး လူထုတစ်ရပ်လုံးမှ ဝိုင်းဝန်းပူးပေါင်းတိုက်ဖျက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုနှစ် မူးယစ်ဆေးဝါးနှင့့်စိတ်ကိုပြောင်းလဲစေသောဆေးဝါး များအန္တရာယ်ကာကွယ်ရေးဗဟိုအဖွဲ့က သတ်မှတ်သည့်ဆောင်ပုဒ်တွေက “အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ် အန္တရာယ်ကာကွယ်စို့၊  အပေါင်းအသင်း ရွေးချယ်ပါ၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ မူးယစ်ရန်မီးငြိမ်းသတ်စို့၊  နိုင်ငံကိုချစ် လူမျိုးချစ်၊ မူးယစ်မှန်သမျှ တိုက်ဖျက်ပစ်၊ မျိုးဆက်သစ်ဘဝလှပဖို့၊ မူးယစ်ဟူသမျှရှောင်ရှားစို့၊ ဦးစွာနားထောင်ပါ” ဖြစ်ပါကြောင်း ပြောကြားသည်။

          ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးခင်မောင်အေးက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့၏ ဆောင်ရွက်ခဲ့ မှုများကိုဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော ကော်မတီအသီးသီး၏ ဆွေးနွေးတင်ပြချက်များကို အဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် ကော်မတီ အလိုက် ပေါင်းစပ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

ပေးပိူ့သူ- ဦးဝင်းထွေး(ပြန်/ဆက်)