Follow Us

တနင်္သာရီတိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ်(၃/ ၂၀၁၉) ကျင်းပ ပြုလုပ်

Tue, 05/28/2019 - 19:16

ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၂)၌  တနင်္သာရီတိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ်(၃/ ၂၀၁၉) ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦမြင့်စန်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးအောင်သူရ၊ သက်ဆိုင်ဌာနမှ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးအတွင်းကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာစေမည့် ရင်းနှီး မြှုပ်နှံမှုများ လိုအပ်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုရှိလာသည်နှင့်တစ်ပြိုင်နက် ဒေသခံပြည်သူ များလည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်သည့် လုပ်ငန်းနှင့်ပတ်သက်ပြီး အချိန်ကြန့်ကြာမှုများမရှိစေရန်၊ သက်ဆိုင်ရာဌာနများအနေဖြင့် ဥပဒေ နှင့်အညီ ပံ့ပိုးကူညီပေးသွားရန်လိုအပ်ကြောင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ အတွင်းရေးမှူး ၊ ညွှန်ကြားရေးမှူး ၊ ဒေါက်တာထွန်းထွန်းက ရှုခင်းကြည့်ခရီးသည် ပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊  ရော်ဘာတန်ဖိုးမြှင့်ထုတ်ကုန် များ ထုတ်လုပ်ခြင်း/ ရောင်းချခြင်းလုပ်ငန်းများ တင်ပြလာခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ခွင့်ပြု နိုင်ပါရန် ကော်မတီသို့ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ရာ ကော်မတီဝင်များမှလည်း ကွင်းဆင်း ကြည့်ရှုရေး ၊ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ရေးစသည့် လိုအပ်သည်များ ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။